၅၀

83 7 0
                                    

အခန်း ( ၅၁ )

အမောက်မာဆုံး စကား

“သူငယ်ချင်း…”

ချင်ကျင်းသည် ရိုလင်၏ မျက်နှာတွင် လောဘကြီးသည့် ကုန်သည်ကဲ့သို့ ယုတ်မာသော အမူအရာကို မြင်လိုက်ရသည်။

“မင်းလိုချင်တာကို မပြောနဲ့…”

"မင်းက ငါ့ကို နားလည်ပေးတဲ့တစ်ဦးတည်းသောသူပဲ! လုပ်စမ်ပါ ငါ့ကောင်ရ...။"

ရိုလင်သည် သူ့လက်ညိုးထိပ်များအား ပူးကပ်ကာ ရှက်ရွံ့စွာ ပြုမူခဲ့သည်။

"ငါ့အတွက် လုပ်ပေးပါလား! ငါ့ကို ဂျူးလိယက်ရဲ့ ချစ်သူဖြစ်လာအောင် ကူညီပေးပါလား။ နောက်တစ်ခါ တစ်ကြိမ်လောက်ပဲ စတေးခံပြီး မင်ကိုအနိုင်ယူခွင့် ပေးပါလား။"

"သွားစမ်းပါကွာ!"

ချင်ကျင်းသည် ရိုလင်၏ဆူဖြိုးသော တင်ပါးအား အသာအယာ ကန်ထုတ်ရင်း ရိုလင်ကို ရယ်ကာ ဆဲဆိုနေခဲ့သည်။

"ရုပ်ဆိုးတဲ့ မိန်းမတစ်ယောက်ရဖို့အတွက်နဲ့ မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းကို အနိုင်ယူချင်တာလား။ နာကျင်ရတယ်ကွာ။”

"ငါတို့ကမိသားစုပဲ။"

ရိုလင်သည် နာကျင်မှုကို မခံစားရသော်လည်း သူ့ဖင်အား ပွတ်လိုက်၍ ရယ်ပြီးပြောသည်။

“ငါတို့က ယောက်ဖတွေလေ…”

"ညီကို၊ ဒီမနက် အစောကြီး ကြောက်စရာ ဇာတ်လမ်းတွေ မပြောပါနဲ့"

ချင်ကျင်းသည် ရိုလင်၏ပခုံးပေါ် လက်တင်လျက် အတန်းဆီသို့ လျှောက်သွားနေပြီး ရပ်တန့်လိုက်သည်။ သူသည် စစ်သည်တော်ကျောင်းသား အနည်းငယ်ကို ကြည့်ကာ

“ဘာဖြစ်တာလဲ၊ မင်းတို့မှာ ပြဿနာရှိလို့လား"

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Hikayelerin yaşadığı yer. Şimdi keşfedin