၇၉

70 6 0
                                    

အခန်း ( ၇၉ )

စစ်သည်တော်လက်နက်အဆင့် မီးဖိုချောင်သုံးဓား

ပေါက်ပြား၏ဖွဲ့စည်းပုံမှာ မီးဖိုချောင်သုံးဓားနှင့် မတူသလို တံစဉ်သည်လည်း ပေါက်ပြားနှင့် ကွဲပြားပေသည်။ ချင်ကျင်းသည် အခြားအသေးစိတ် ဆွဲသားထားသော ပုံကြမ်းနှစ်ခုကို ကြည့်လိုက်၍ ဤအိမ်သုံးပစ္စည်းများကို သွန်းလုပ်ရာတွင် ပြုလုပ်သင့်သည့် အကြံပြုချက်များနှင့် အတွေ့အကြုံများသည့် ကျန်းမားတာအိုကို သွန်းလုပ်ရာတွင် အသုံးဝင်နိုင်ကြောင်း ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်သည်။

"အရင်ဆုံး သန့်စင်တဲ့ သံထည်တစ်အုပ်ကို ငါဖန်တီးရမယ်။"

ချင်ကျင်းသည် အင်္ကျီကို ချွတ်လိုက်ပြီး သူ၏ သန်မာသော ခန္ဓာကိုယ် အပေါ်ပိုင်း ကြွက်သားများကို ထုတ်ဖော်လိုက်သည်။ နဖူး‌‌ပေါ်မှ ချွေးများကို သုတ်ပြီးသည်နှင့် တူများကို ထပ်မံလွှဲယမ်းလိုက်တော့သည်။

ပစ္စည်းသုံးမျိုးအား သွန်းလုပ်ပြီးနောက် ချင်ကျင်းသည် အသေးစိတ် ဆွဲသားထားသော ပုံကြမ်းများကို ယူလိုက်ပြီး အဆိုပါပစ္စည်းများကို မှာယူထားသူများ၏ လိပ်စာကို ရှာဖွေလိုက်သည်။ ထို့နောက် သူသည် ရွာအရှေ့ဘက်ရှိ အန်တီဝမ်၏ အိမ်ဆီသို့ ဦးတည်သွားလိုက်သည်။

"အယ်? မင်းကဘယ်သူလဲ? ဘလိတ်ရဲ့ သင်တန်းသားလား။ ဒီမီးဖိုချောင်သုံးဓားကို သူကိုယ်တိုင် မလုပ်ဘဲ မင်းကို လုပ်ခိုင်းခဲ့တာလား။”

သစ်သားတံခါးရှေ့တွင် ရပ်နေသည့် အန်တီဝမ်သည် အရပ်မရှည်လှသော်လည်း ဝတုတ်ပြီး ကြံ့ခိုင်ပေသည်။ ချင်ကျင်း၏ လက်မောင်းသည် သူမ၏ လက်မောင်းနှင့် ယှဉ်လျှင် မပြောပလောက်တော့ပေ။ သူမ၏ အထိန်းအကွပ်မဲ့နေသော မျက်လုံးကြီးများသည် မီးဖိုချောင်သုံးဓားကို စိုက်ကြည့်နေရင်း သံသယရှိနေသော လေသံဖြင့် ပြောသည်။

“ဒါကို အပြင်မှာထား ထားလိုက်! ဒီဓားက မာကျောတာတို့ တာရှည်ခံတာတို့ မရှိရင်တော့ ဒါအတွက်လုပ်ခကို မပေးနိုင်ဘူး။ ဓါးက အလွယ်တကူ ပျက်စီးသွားမယ်ဆို နင်တို့ရဲ့ ပန်းပဲဆိုင်ကိုလာပြီး ဖျက်စီးပစ်မယ်..."

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now