၇၁

69 6 0
                                    

အခန်း ( ၇၁ )

နတ်ဆိုးသတ်ဖြတ်သူ

ချင်ကျင်းသည် ပြန်ထွက်သွားပြီး ရိုလင်ကို မြေပြင်ပေါ်မှ ဆွဲထူလိုက်သည်။ သူသည် ခေါင်းညိတ်ပြပြီး အသံကိုလျှော့ကာ ပြောသည်။

"လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ တကယ်တော့ ငါက အဆင့် ၉ စစ်သည်တော် ဖြစ်နေပြီ။ ပြီးတော့ မင်းငါ့ကိုဒီလို မကြည့်နဲ့! အဲဒါအမှန်ပဲ။ ငါမင်းကိုဘယ်တော့မှလိမ်မှာမဟုတ်ဘူးဆိုတာ မင်းလည်းသိတယ်။"

"ဟာ...ယောက်ဖ!"

"သွားစမ်းပါ...!"

"မင်းမှာ ညီမလေးမရှိဘူးလား။ ဒီလိုဆိုရင်ကော ဘယ်လိုလဲ။ မင်းက ငါ့ယောက်ဖ မဖြစ်ချင်ရင် ငါက မင်းရဲ့ ယောက်ဖဖြစ်ပေးမယ်။"

"ချီးထုပ်!"

“ကောင်းပြီ မင်း ငါ့ ညီမလေးနဲ့ မဆုံခင်ထိတော့ မင်းကို ဒီလိုခေါ်တာ ငါရပ်ပေးနိုင်တယ်။ ဒါပေမယ့် မိသားစု စောင့်ရှောက်သူ ကိစ္စနဲ့ ပတ်သက်ရင်…”

"မင်းညီမနဲ့ ငါ လက်မထပ်ရသ၍ ဘာပြဿနာမှမရှိဘူး..."

"အေးဟုတ်တယ်! ငါ ကမ္ဘာကြီးပေါ်က နိုးထတော့မယ်!"

ရိုလင်သည် သူ၏တိုတုတ်တုတ် ခြေထောက်များကို ရွှေ့ကာ ကစားကွင်းတဝိုက်တွင် ပြေးလွှားနေလေသည်။ ထိုကဲ့သို့ လေးလံသော ခန္ဓာကိုယ်ကြီးနှင့် သူသည် အမြန်ပြေးလွှားနေသဖြင့် အနီးနားရှိနေသော လူမျာသည် အံ့သြသွားခဲ့တော့သည်။

အဆင့် ၉ စစ်သည်တော်။ အဲ့ဒါ ဘာကို ဆိုလိုတာလဲ။ ရိုလင်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ၏အဆီများဖြင့်ပြည့်နေသော မျက်နှာသည် အပေါ်အောက်တုန်လှုပ်နေလေသည်။ လူများနှင့် ကင်းကင်းကွာကွာ နေကြသည့် မြို့တော်ဝန်နှင့် မြို့အားစောင့်ရှောက်သူတို့မှအပ အဆင့် ၉ စစ်သည်တော်သည် အသန်မာဆုံးဟု မှတ်ယူရမည်ဖြစ်သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now