၇၅

67 5 0
                                    

အခန်း ( ၇၅ )

မိန်းကလေး၏ သီးသန့်ခန်းအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း

 "နာလို့လား? ငါ ပိုနာကျင်အောင် လုပ်ပေးလို့ရတယ်နော်။ မင်းခြေထောက်တွေကို ဖြတ်မယ်ဆိုရင်ရော ဘယ်လိုလဲ။"

ခက်ထန်သောအမူအရာဖြင့် ချင်ကျင်းသည် သူ၏လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။

"အော်နေတာက မင်းအတွက် မကောင်းဘူးလို့ ငါအာမခံတယ်! ပုံမှန်အားဖြင့် ဒီအချိန်တွေဆို ကင်းလှည့်သမားတွေက မြို့သူမြို့သားတွေကို အိမ်နီးချင်းတွေလိုမျိုး (စပ်စပ်စုစုလုပ်တတ်တာ) တိုက်အနည်းငယ်အကွာကနေ စောင့်ကြည့်နေကြမှာပဲ...။ မင်းကို ကယ်ဖို့အတွက် သူတို့ဒီကို အနည်းဆုံး ငါးမိနစ်လောက် လျှောက်လာရအုံးမှာ။ ငါကတော့ မင်းရဲ့ခြေထောက်တွေကို နှစ်မိနစ်လောက်တည်းနဲ့ ချိုးပြီး ထွက်ပြေးနိုင်တယ်! ငါ့မှာ အချိန်တွေ အများကြီး ရှိနေတယ်!”

“အာ. အား အား အား…”

လက်ပြတ်နေသောသူသည် မြေပြင်ပေါ်တွင် လှိမ့်ကာ ချင်ကျင်း ကို ရံဖန်ရံခါ ချောင်းကြည့်နေခဲ့သည်။ နာကျင်မှုအပြင် ကြောက်ရွံ့မှုများလည်း ဖြစ်‌ပေါ်နေခဲ့လေသည်။

"မင်း မပြောတော့ဘူးလား။ ငါအရင်လိုနေတယ်!"

ချင်ကျင်း၏ အကြည့်သည် လုံးဝပြောင်းလဲမသွားခဲ့ပါ။ သူသည်ဓားကို မြှောက်လိုက်ပြီး ခြေထောက်ကို ခုတ်ပစ်လိုက်တော့သည်။

ဤသို့သော ရန်သူမျိုးကို စာနာရန် မလိုအပ်ပေ။ ဤအချိန်တွင် အနည်းငယ်မျှသော ကရုဏာသည် မိမိ၏ သေခြင်းတရားကို ဖန်တီးမိခြင်းနှင့် မိမိအသက်ကို တန်ဖိုးမထားဘဲ မလေးစားပြုကာ မိုက်မဲသော လုပ်ရပ်ကို လုပ်နေသည်ဟု ဆိုလိုနေလေသည်။ ရန်ပွဲထဲတွင် မိမိကိုယ်တိုင် ပါဝင်ကာ တိုက်ခိုက်သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားသူတိုင်းသည် မိမိသေဆုံးမှု အတွက်လည်း အသင့်ဖြစ်နေသင့်သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Dove le storie prendono vita. Scoprilo ora