၇၆

67 5 0
                                    

အခန်း ( ၇၆ )

ဤသည်မှာ အသက်ရှင်နှင့်သေခြင်းကြားက မျဉ်းဖြစ်သည်

ညသန်းခေါင်ယံအချိန်တွင် အထီးကျန်နေသည့် အမျိုးသားနဲ့ အမျိုးသမီးကြား တွေ့ဆုံမှုပင်ဖြစ်သည်။ လှပသော အမျိုးသမီးလေးသည် အတွင်းခံဝတ်စုံကိုသာ ၀တ်ထားသဖြင့် ပြောမပြနိုင်လောက်သော မြင်ကွင်းများကို ဖမ်းစားထားသည်။ ချင်ကျင်းသည် လူများကိုသတ်သည့်အခါ သို့မဟုတ် ဓားတစ်ဒါဇင်ခန့်ကို ရှောင်တိမ်းနေချိန်တွင် သူ့ကိုယ်သူ ထိန်းသိမ်းနိုင်ခဲ့သည်။ ထို့အပြင် သာလွန်သော ဉာဏ်ရည်ဉာဏ်သွေးနှင့် အလွန်မာကျောသော စိတ်ဓါတ်ရှိသောကြောင့် သူ၏ အစီအစဉ်များကို ပြီးပြည့်စုံစွာ အကောင်အထည်ဖော်နိုင်ခဲ့သူဖြစ်သည်။

သို့ပေမယ့် ဤသို့ထူးခြားပြီး မမျှော်လင့်ထားသည့် အခြေအနေနှင့် ကြုံလာရသည့်အခါ နှာခေါင်းသွေးများပင် လျှံလုနီးနီး ဖြစ်နေခဲ့ရလေသည်။ သူသည် လူပျိုတစ်ဦး ဖြစ်သည့်အလျှောက် ဤသို့သော ဆွဲဆောင်မှုကောင်းပြီး ရမ္မက်ထစေသော မြင်းကွင်းကို မြင်လိုက်ရ၍ ဤသို့ဖြစ်နေသည်ကို အပြစ်တင်၍တော့မရပေ။

ဂိုးမက်စ်ဂျိမ်း၏ နူးညံ့သိမ်မွေ့ပြီး တိတ်ဆိတ်သောမျက်နှာတွင် အံ့အားသင့်နေသော အရိပ်အမြွက်များ ပေါ်လာခဲ့သည်။ ဆူညံသံကြောင့် ပြတင်းပေါက်ကို လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏လက်များကို အမြန်လွှဲကာ ညအိပ်ဝတ်စုံကို ချက်ချင်းဝတ်လိုက်သည်။

သူမ၏ အတွင်းခံကိုသာ ဝတ်ဆင်ထားည့် မြင်ကွင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် သူမဝတ်ထားသည့် ပိုးသားဖြူ ညအိပ်ဝတ်များသည် ကွယ်ဝှက်ပြီး ဖုံးကွယ်ထားသော သွေးဆောင်မှုမျိုးကို ပေးစွမ်းနေသေးသည်။ သူမ၏အလှသည် လုံးဝမလျော့သွားခဲ့ပေ။ အခြားပုံစံတစ်ခုသို့ ပြောင်းလဲသွားခဲ့ခြင်းသာ ဖြစ်ပေသည်။

"နင်?"

ဂိုးမက်စ် ဂျိမ်းသည် လျှောက်လှမ်းလာပြီး ပြတင်းပေါက်ကို ပိတ်လိုက်သည်။ ထို့နောက် သူမသည် ပြန်လှည့်၍ ချင်ကျင်းကိုကြည့်ကာ မေးလိုက်လေသည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now