အခန်း ( ၃၈ ) Oaklandမှ နံပါတ်တစ် စစ်သည်တော်

85 8 0
                                    


“အတုအယောင်သံသွန်း နည်းပညာက အဆင့်နိမ့် ပျင်းရိပြီး ပိန်ပါးတဲ့ အလုပ်သင်ပန်းပဲဆရာဆီက ဆင်းသက်လာတာဖြစ်တယ်။”

လူးကက်စ်က မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ပြောခဲ့သည်။

“သူက ပန်းပဲသမားအစစ်တစ်ယောက် မဖြစ်လာနိုင်ခဲ့တဲ့အတွက် သူကငွေရှာဖို့ ဒီနည်းကို ဖန်တီးခဲ့တာ။ အဲ့ဒီနည်းကိုသုံးပြီးတော့ အတုလုပ်ထားတဲ့ [သန့်စင်ပြီးသံ] တွေအားလုံးက အဆင့်မြင့်ပစ္စည်းဖြစ်ပေမယ့် အဲ့ဒီ [သန့်စင်ပြီးသံ] ကလုပ်ထားတဲ့ လက်နက်တွေနဲ့ သံချပ်ကာတွေက ခိုင်ခံ့မှုလုံးဝမရှိဘူး။ ကြီးမြတ်တဲ့စစ်သည်တော်များစွာက အဲ့ဒီအရည်အသွေးနိမ့်ပစ္စည်းတွေကို သုံးလိုက်လို့ စစ်မြေပြင်မှာ သေဆုံးသွားခဲ့ကြတယ်။”

ဝီလ်ဖရစ်ဒ်သည် မျက်မှောင်ကြုတ်ပြီး လူးကက်စ်၏လက်ထဲမှ အဆင့်ငါးသန့်စင်ပြီးသံအား ပို၍သံသယရှိနေခဲ့သည်။ ဤသန့်စင်ပြီးသံအား အတွေ့အကြုံများစွာရှိသော ပန်းပဲဆရာကြီးများက ပြုလုပ်ခဲ့မည်ဆိုလျှင် ၎င်း၏အရည်အသွေးမှာ သံသယဖြစ်စရာဖြစ်နေမည်မဟုတ်ပေ။ သို့သော်လည်း Oaklandကျောင်းမှ ငယ်ရွယ်သောကျောင်းသားတစ်ဦးမှ ဖန်တီးခဲ့ခြင်းဖြစ်သောကြောင့် ၎င်းအား အလွန်သံသယဖြစ်မိနေခဲ့သည်။

မီးစွန့်စားသူအဖွဲ့မှလူများအားလုံးသည် လူးကက်စ်၏ပြောစကားအား နားယောင်နေခဲ့ကြသည်။ တကယ်တမ်းတွင် ၎င်းတို့သည် တုံးအ ပြီး အဆင့်နိမ့်နှင့် အဆင့်မြင့် [သန့်စင်ပြီးသံ] အား မခွဲခြားနိုင်ခဲ့ပေ။ ချင်ကျင်း၏ အသက်အရွယ်ကပင် ၎င်းတို့အား တွေဝေစေခဲ့ခြင်းဖြစ်သည်။ သူသည် သံသွန်းကျွမ်းကျင်ဆရာ၏ ကျောင်းသားဖြစ်သော်လည်း၊ ကျွမ်းကျင်မှုအသစ်များကိုသင်ယူရန် သံသွန်းကျွမ်းကျင်ဆရာနှင့်နေထိုင်နေသင့်သည်။ သူသည် စစ်သည်တော် အကယ်ဒမီကို တက်ချင်ပါက Oakland ကျောင်းကဲ့သို့ နိမ့်ကျသော အကယ်ဒမီကို မတက်နေသင့်ပါ။

လူးကက်စ်သည် အောင်မြင်ရန် အလွန်နီးစပ်နေပြီဟု ခံစားမိလာသည်။ ချင်ကျင်း၏ အသက်အရွယ်ဖြင့် သူတက်နေသော ကျောင်းတွင် လူးကက်စ်က ချင်ကျင်းတွင် အရည်အချင်း အများအပြားရှိသော်လည်း သူ့အား သင်ကြားပေးမည့် ဆရာကောင်းတစ်ယောက်မှ မရှိဟု လူးကက်စ်ပြောနိုင်ခဲ့သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Tempat cerita menjadi hidup. Temukan sekarang