Chapter 2 (U)

3.9K 616 16
                                    

ရွှယ်သမ်းရုန်၏အသံသည် ‌ရွှေနဲ့ကျောက်စိမ်းခတ်မိတဲ့အသံလိုပင် အလွန်သာယာလှသည်။ယခုတော့ ကိုယ်တွင်းရှိအဆိပ်များကြောင့် သူ၏အသံမှာ အက်ကွဲနေလေသည်။

ဖန်းချောင်ကျိုးသည် သူ့၏ရှောင်ရှစ်တိရဲ့အသံကိုကြားတော့ စာအုပ်ကိုပိတ်ပြီးသိုလှောင်လက်စွပ်ထဲကိုပြန်ထည့်လိုက်သည်။သူက လှည့်ကြည့်ပြီး အပြစ်ကင်းစင်နေတဲ့ရုပ်လေးနဲ့ " ရှောင်ရှစ်တိ မင်းနိုးလာပြီပဲ"

ရွှယ်သမ်းရုန် သည် အလွန်လှပသော မျက်နှာလေးဖြင့် မွေးဖွားလာခဲ့သည်။ဘယ်လိုတောင်လှပလွန်းတဲ့ အမျိုးသားလေးလဲ?

စာအုပ်တစ်အုပ်လုံးရှိ အမျိုးသားများသည် ရွှယ်သမ်းရုန်ကို မြင်ရရုံနှင့် ရူးသွားလိမ့်မည်၊ အထူးသဖြင့် သူ၏နဖူးပြင်အလယ်ရှိမှဲ့နီလေးကြောင့် အမျိုးသားထုကြီး၏နှလုံးသားများပင်လောင်ကျွမ်းနိုင်လေသည်။

ထိုအချိန်တွင် ရွှယ်သမ်းရုန်၏မျက်နှာလေးသည် ကြက်သွေးနီရောင်သမ်းနေပြီး မျက်လုံးများကစိုစွတ်နေကာ ပြန့်ကြဲနေသော‌ဆံနွယ်များကြောင့် ကြာပန်းလေးကဲ့သိုပင့် အလွန်ချစ်စရာကောင်းလှသည်။မြင်ရသူတိုင်းကို စိတ်နှလုံးပင်မထိန်းချုပ်နိုင်ပဲ ရင်ခွင်ထဲသို့ပွေ့ဖက်ထားချင်စိတ်များဖြစ်ပေါ်စေသည့် အလှတရားပင်။သို့ပေသည့် ဖန်းချောင်ကျိုးကတော့ ငါးဆားနူတစ်ကောင်ကဲ့သို့ ပြု‌မူနေ၏။

ရှောင်ရှစ်တိသည် မြေကြီးပေါ်တွင်လဲနေသောကြောင့် အဝတ်များညစ်ပတ်နေပြီး သူ၏ဆံပင်သည်လည်း မြေကြီးပေါ်တွင် ပြန့်ကြဲနေသည်။

အင်း ငါ့ရဲ့ရှောင်ရှစ်တိကို သန့်ရှင်းစေတဲ့မန္တန်ကို အသုံးပြုပေးချင်ပေမယ့် အဲ့လိုလုပ်လိုက်ရင်ငါ့ရဲ့ အပြုအမူကရိုင်းသွားလာသိဘူး..

ဖန်းချောင်ကျိုးသည် ရွှယ်သမ်းရုန်၏ အလှတရားများကို မမြင်နိုင်ပဲ တခြားပြသနာများကိုသာ စဉ်းစားနေသည်။

"အာ့ရှစ်ရှုန်း က ဘာလို့ဒီကိုရောက်နေတာလဲ"

ရွှယ်သမ်းရုန်သည် ထိုစကားလုံးများကို သူ၏သွားကြားထဲမှအသံဖြင့်ပြောနေရပြီး စကားမဆုံးခင်မှာပင် နဖူးပေါ်တွင်ချွေးစေးများဖြင့် ရွှဲနေလေပြီ။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now