Chapter 26 (Z)

1K 71 3
                                    

ဖန်းချောင်ကျိုးသည် သူ၏စိတ်ကိုတည်ငြိမ်အောင်ကြိုးစားကာ "ရှစ်ဖူ တကယ်တော့ ဒီဟာက ဟိုဟာနဲ့တူပေမယ့် အမှန်တကယ်က မတူပါဘူး" သူသည် ရှစ်ဖူ၏ အမျက်ချောင်းချောင်းထွက်နေသော မျက်လုံးများနှင့်ရင်ဆိုင်ရသည့်အခါ အသံမှာတိုးဖျော့လာပြီး "ရှစ်ဖူ အဲ့ဒီဟာက လက်ကိုအနွေးပေးတဲ့ဟာဆိုတာ ယုံလားဟင်?"

ပြီးနောက်၊ သူအကျဉ်းချခံလိုက်ရ၏။

ဖန်းချောင်ကျိုးသည် နံရံဘက်သို့မျက်နှာမူထားပြီး သက်ပြင်းယဲ့ယဲ့ချလိုက်၏။သူတို့သည် ပစ္စည်းများအကုန်သိမ်းသွားပြီး သူ့ထံတွင် ဘာမျှမကျန်တော့ပေ။

သူအခု ဘာမှမလုပ်နိုင်တော့ဘဲ ကြောင်စီစီနဲ့အိပ်နေရသည်။

သို့သော် ကံကောင်းစွာဖြင့် သူ့အား ရေအကျဉ်းထောင်သို့မပို့ဘဲ ကျောက်အကျဉ်းထောင်ကိုသာ ပို့ခဲ့၏။

သူ့ကိုဘယ်လောက်ကြာအောင် ချုပ်‌နှောင်ထားမလဲမသိ။

တာ့ရှစ်ရှုန်းကသူ့အား အကျဉ်းခန်းဆီထည့်စဉ် ရှုပ်ထွေးသည့်အမူအရာဖြစ်နေပြီး နောက်ဆုံးတွင်သက်ပြင်းချကာ သူ့ပုခုံးကိုပုတ်ပြီးထွက်သွားလေသည်။

ဖန်းချောင်ကျိုးသည် သက်ပြင်းချလိုက်ပြီး သူ၏မျက်နှာကို တခြားနံရံဘက်သို့ လှည့်လိုက်၏။ယခုတော့ ရှောင်ရှစ်တိ သူ့ကိုယ်သူစိတ်တည်ငြိမ်အောင်လုပ်ကာ ရှစ်ဖူကိုရှင်းပြပြီးမှ သူဒီနေရာကထွက်နိုင်ပေမည်။မဟုတ်ပါက ရှစ်ဖူသည် မိမိက ရှောင်ရှစ်တိအပေါ်မကောင်းသည့်ရည်ရွယ်ချက်များရှိနေသည်ဟုထင်သွားပေလိမ့်မည်။ရှစ်ဖူသည် သူ၏နွမ်ပေါင်ပေါင်ကိုသာမက တုယွင်ရှီးပေးထားသည့် ယန်အားတိုးဆေးကိုပါ တွေ့သွား၏။

တုယွင်ရှီးသည်မတ်တပ်ရပ်ပြီး ထိုဆေးအား သူကိုယ်တိုင်ပေးလိုက်ကြောင်း ရှစ်ဖူကိုပြောချင်သော်ငြား ရှစ်ဖူသည် တုယွင်ရှီးအား ကျောက်အကျဉ်းထောင်ထဲသို့ ပို့တော့မလိုပင် ကြည့်နေ၏။

ရှစ်တိ ရှစ်မေ့များသည်လည်း သူ့အား‌ ကောင်းကောင်းမကြည့်ကြတော့ပေ။မတိုင်ခင်က သူ့တွင်လျှို့ဝှက်ရောဂါရှိနေမှန်း အားလုံးသိကြပြီး ကရုဏာသက်စွာကြည့်ကြသော်လည်း ယခုတွင်မူ ရှုပ်ထွေးနေသောမျက်လုံးများဖြင့် သူ့အားကြည့်နေကြလေသည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now