ရုတ်တရက် နှင်းလုံးများ ထိမှန်ခဲ့သော လူငယ်လေးမှာ နေရာ၌ပင် သိသိသာသာ အေးခဲသွား၏။ ဖန်းချောင်ကျိုးအဝေးသို့ပြေးသွားနေစဉ် လူငယ်လေးသည် ခေါင်းငုံ့ကာ ကော်လာထဲမှ နှင်းပွင့်များအား ခါချလိုက်သည်။
ဖန်းချောင်ကျိုးသည် လူငယ်လေးမှ ချက်ချင်းတုံ့ပြန်မည်ဟု ထင်ထားသော်လည်း အံ့သြဖို့ကောင်းစွာ ထိုလူငယ်လေးသည် နှင်းများကို ဖယ်ရှားပြီးနောက် နေရာမှာပင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ ဖန်းချောင်ကျိုးမှာ အနည်းငယ် စိတ်မသက်သာသလို ခံစားလာရသည်။ ဖန်းချောင်ကျိုးသည် ပြန်လှည့်လာပြီး လူငယ်လေး၏ပုခုံးထက်မှ နှင့်ပွင့်လေးများအား ညင်သာစွာ ဖယ်ပေးလိုက်၏။
လူငယ်လေးသည် ပုခုံးပေါ်သို့ ရောက်လာသောလက်အား မော့ကြည့်လာသော်လည်း မည်သည့်စကားမျှမဆို။ လက်ကို ဖယ်လိုက်တော့မှသာ လူငယ်လေးသည် အကြည့်လွှဲသွား၏။
နှင်းဘောလုံးတိုက်ပွဲဖြစ်မလာသောကြောင့် ဖန်းချောင်ကျိုးမှာ ဘေးပတ်လည်သို့သာ ပျင်းရိစွာလျှောက်ကြည့်ရတော့မည်။အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက်
"လေနဲ့ နှင်းဒဏ်ကနေ ခိုဖို့ လှိုဏ်ဂူတစ်ခု ရှိနေရင် ကောင်းမယ် ငါတို့ ဒီနေ့ထွက်သွားနိုင်မှာမဟုတ်ဘူး"
ဖန်းချောင်ကျိုး၏ စကားကိုကြားသော် ဘေး၌လူငယ်လေးက ရုတ်တရက်ပြောလာ၏။
"အာ့ရှစ်ရှုန်း ကျွန်တော်ဂူတစ်ခုတွေ့လိုက်တယ်"ဖန်းချောင်ကျိုးသည် ခေတ္တအံ့အားသင့်သွားသော်လည်း တစ်စုံတစ်ရာ လွဲချော်နေသည်ဟု မခံစားရသေးပေ။ ဖန်းချောင်ကျိုးသည် ဂူနေရာမေးကာ လူငယ်လေးခေါ်ဆောင်ရာသို့လိုက်သွားခဲ့သည်။ လှိုဏ်ဂူကို တွေ့သောအခါ လူငယ်လေးအား ထီးဖြင့် အပြင်၌ ခဏရပ်ခိုင်းပြီး ဂူထဲ၌အောင်းနေသည့်တိရစ္ဆာန်များရှိမရှိ စစ်ဆေးရန် အထဲသို့ဝင်သွားလေ၏။ ကံကောင်းထောက်မစွာဖြင့်၊ မည်သည့်အရာမှရှိမနေပေ။
လှိုဏ်ဂူ၏အရွယ်အစားသည် ထျန်းရွှိန်ဂိုဏ်းတွင် နေထိုင်သည့် ဂူအရွယ်အစား၏ ထက်ဝက်ခန့်သာရှိသည်။ အပြင်၌ရပ်နေသော လူငယ်လေးကို ဂူထဲသို့ခေါ်ပြီးနောက်၊ ဖန်းချောင်ကျိုးသည် ပစ္စည်းအချို့အတွက် သူ၏ သိုလှောင်လက်စွပ်ထဲ၌ လှန်လှောရှာဖွေနေ၏။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.