Chapter 31 (U)

2.4K 545 70
                                    

အမွေးဖွာဖွာ ကျားမျက်နှာကြီးနှင့်နီးကပ်လျက်ရှိသော ဖန်းချောင်ကျိုးမှာ အရင်လို မပျော်နိုင်တော့ပေ။အထူးသဖြင့် ထိုအမွေးဖွာဖွာဦးခေါင်းကြီးသည် သူ၏လည်တိုင်ကြားသို့ အပြန်ပြန်အလှန်လှန် ပွတ်သပ်နေသောကြောင့်ပင်။ဖန်းချောင်ကျိုး၏အမြင်အရ ဤအခြေအနေသည် ကျားဖြူက သူ၏လည်မျိုကိုကိုက်ခဲရန် အကောင်းဆုံးအနေအထားဖြစ်လို့နေ၏။

ဖန်းချောင်ကျိုးသည် ရှစ်ကျူမွေးထားသည့် ကျားဖြူအား အနိုင်မယူနိုင်မှန်းသိသောကြောင့် အသက်ပြင်းပြင်းရှူကာ ဆင်ခြင်‌ပေးရန် အသင့်ပြင်ပြီး“ရှစ်ကျူက ငါ အခြေတည်ဝိဥာဉ်ကို ဖြတ်ကျော်ဖို့ ကူညီပေးမယ်လို့ ကတိပေးထားတယ်၊ မင်းငါ့ကို စားလို့မရဘူး၊ လူ့အသားက မကောင်းဘူး အရသာမရှိဘူး ချဉ်စော်နံတယ် သေးလည်းသေးတယ် စားပြီးရင် မင်းလို ကျားကြီးတစ်ကောင်က ဝမ်းပျက်လိမ့်မယ်"

ဖန်းချောင်ကျိုး၏ခန္ဓာကိုယ်ပေါ်ရှိ ကျားဖြူသည် နားထိုင်း‌နေသူတစ်ယောက်လိုပင် သူပြောသည်များကို မကြားတော့ပေ။၎င်း၏အမွေးဖွာဖွာဦး‌ ခေါင်းအား ပွတ်သပ်နေရုံသာမက လက်သည်းများကိုပါထုတ်ကာ ဖန်းချောင်ကျိုး၏ အဝတ်များကိုဆွဲယူရန်ပြင်‌နေလေ၏။ကြောင်တစ်ကောင်လိုမဟုတ်ဘဲ ၎င်း၏ခြေသည်းများသည် ယခုအခါ အလွန်ထက်မြက်နေပြီဖြစ်သည်။လက်သည်းဖြင့်ဆွဲယူခံလိုက်ရခြင်းကြောင့် ဖန်းချောင်ကျိုး၏အပြင်ဝတ်ရုံသည် စုတ်ပြဲသွားကာ အတွင်းဝတ်များကို လှစ်ဟပြလိုက်သလိုပင်။

ဖန်းချောင်ကျိုးသည် ပို၍ပင် ကြောက်ရွံ့လာကာ သူသည် အစိမ်းလိုက်ဖြတ်တောက်ခံရတော့မည်ဟု ခံစားမိ၏။

ဤပြင်းထန်သော အခြေအနေအောက်တွင် ဖန်းချောင်ကျိုးသည် မန္တန်တစ်ခုထပ်မံစီရင်လိုက်၏။မိုးကြိုးသွားသည် ဖန်းချောင်ကျိုး၏ အဝတ်များကိုဆုတ်ဖြဲရန်အာရုံစိုက်နေသော ‌ကျားဖြူကိုထိမှန်သွားသော်လည်း ထိုကျားဖြူမှာ နောက်မဆုတ်ပေ။ နာကျင်မှု‌ကြောင့်  ပါးစပ်ကို ဖွင့်ကာ ဟိန်းဟောက်လိုက်ပြီးဖန်းချောင်ကျိုးအား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေ၏။

တံတွေးများသည် ကျယ်ကျယ်ပွင့်ဟနေသော ပါးစပ်မှ ကြမ်းပြင်ပေါ်သို့ စီးကျလာသည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now