ဖန်းချောင်ကျိုးသည် မူးဝေနေဆဲဖြစ်သော်လည်းကျုံးလီယွဲ့ရှီ၏စကားကိုကြားလိုက်သောအခါ အန္တရာယ်အား အလိုလိုခံစားမိ၏။ ဖန်းချောင်ကျိုးသည် သူ၏ခေါင်းကို ခါယမ်းနေစဉ်ပင် နောက်သို့ခြေတစ်လှမ်းဆုတ်သွားလေသည်။
ကျုံးလီယွဲ့ရှီသည် သူ့အားထပ်မံရိုက်နှက်လိုသဖြင့် ဒဏ်ရာများကိုကြည့်ချင်နေခြင်းဖြစ်ရမည်ဟုသာ ဖန်းချောင်ကျိုး၏မျက်လုံးထဲတွင်မြင်နေလေသည်။
ဖန်းချောင်ကျိုး၏ သိသာထင်ရှားသည့် လှုပ်ရှားမှုအား ကျုံးလီယွဲ့ရှီမြင်သော် မျက်ခုံးပင့်မိသော်လည်း ဘောင်းဘီလိပ်တင်ရန်တော့ အတင်းအကျပ်ဖိအားမပေးပေ။
မနက်ပိုင်းအတန်းပြီးသောအခါ ဖန်းချောင်ကျိုးသည် ပုံမှန်အတိုင်းပင် ဟွားလီတောင်၏တောင်ဘက်ခြမ်းသို့သွား၏။ သို့သော် သူသည် ယခုတစ်ကြိမ်၌ လေ့ကျင့်ရန် အလျင်စလိုမလုပ်ခဲ့ပေ။ ထိုအစား အရင်ထိုင်ချကာ ဘောင်းဘီကိုလိပ်တင်လိုက်ပြီးခြေသလုံးကြွက်သားများအား မိမိဘာသာနှိပ်နယ်နေလေသည်။
မနေ့ကနှင့်ယှဉ်လျှင် နာကျင်မှုမှာ သိပ်မပြင်းထန် တော့သော်လည်း နာနေဆဲပင်။ကျုံးလီယွဲ့ရှီ၏ ခြံဝင်းရှေ့၌ရပ်နေစဉ်က သူမတ်တပ်ပင်မနည်းရပ်နေရ၏။
ယနေ့နေရောင်သည် တောက်ပနေ၏။ ဖန်းချောင်ကျိုးသည် သူ၏ခြေထောက်များကို နှိပ်နယ်ပြီးနောက် ငိုက်မျဉ်းစပြုလာသည်။ မနေ့ညက ခြေထောက်များ နာကျင်နေသဖြင့် အိပ်မပျော်ဘဲ မနက်လည်းအစောကြီး နိုးနေခြင်းကြောင့် သူ၏မျက်ခွံများသည် မဖွင့်နိုင်လောက်အောင် လေးလံနေလေသည်။
ခဏလောက်မှေးလိုက်ရင်ကောင်းမလား?
ထိုသို့တွေးပြီးဖန်းချောင်ကျိုးသည် ဘေးပတ်လည်သို့ကြည့်လိုက်၏။ တုပိုင်သည် ကျုံးလီယွဲ့ရှီ၏ခြံဝင်းထဲ၌နေခဲ့ပြီး သူ့နောက်သို့မလိုက်လာပေ။
အမြန်တစ်ရေးတစ်မော အိပ်လိုက်ရင် သူ့ကို ဘယ်သူမတွေ့လောက်ဘူးမလား?
ဤအတွေးဖြင့် ဖန်းချောင်ကျိုးသည် အပြင်ဝတ်ရုံကို ချွတ်ကာ နေရောင်ခြည်ဖြာကျနေသောနေရာတွင်ခင်းကာ မျက်လုံးများမှိတ်၍လှဲလိုက်၏။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Fiction HistoriqueTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.