ရေသံတစ်ခုတည်းကိုသာ ကြားနိုင်သည်။
ဖန်းချောင်ကျိုးသည် ရွှယ်သမ်းရုန်က သူ့အား ရုတ်တရက် ဆွဲလိုက်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ဟန်ချက်မထိန်းနိုင်ဘဲ တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူ့လက်ထဲမှ ညဉ့်ပုလဲမီးအိမ်သည် ရေထဲသို့ "ပလုံ"ခနဲကျသွားလေ၏။
ရုတ်တရက် အမှောင်ထုကကြီးစိုးသွားတော့သည် ။
ဖန်းချောင်ကျိုးသည် ရွှယ်သမ်းရုန်၏ ခန္ဓာကိုယ်ပေါ်တွင် ဒူးထောက်လျက် လက်တစ်ဖက်က ရွှယ်သမ်းရုန်၏ခြေထောက်ကို ဖိထားပြီး ကျန်လက်တစ်ဖက်ကို ရေကန်ထဲသို့ ထောက်လိုက်ရာ အအေးဓာတ်က ချက်ချင်းပင် သူ့လက်ပေါ်သို့ တက်လာခဲ့သည်။
အသက်ပြင်းပြင်းရှူကာ ချက်ချင်းထရပ်ချင်သော်ငြား သူ၏လက်မောင်းကိုကိုင်ထားသောလက်သည် ခါးဆီသို့ရွေ့သွားကာ ဖန်းချောင်ကျိုးမထနိုင်အောင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထား၏။
"ရှောင်ရှစ်တိ၊ မင်းဘာဖြစ်နေတာလဲ" ဖန်းချောင်ကျိုးသည် အေးစက်နေသည့်အတွက် တုန်ရီနေပြီး သွားများပါ တဆတ်ဆတ်တုန်နေသည်။
ညအချိန်၌ ကျီချွင်းကျိုးသည် လုံလောက်စွာ အေးနေပြီဖြစ်ရာ ရေကန်ထဲတွင် ပို၍ပင် အေးနေသည်။
သူခေါ်နေသော ကောင်လေးသည် နားထိုင်းနေသောသူတစ်ယောက်လို သူ့အားတည့်တည့်ကြီးစိုက်ကြည့်နေသဖြင့် ဖန်းချောင်ကျိုး၏နှလုံးသားကို တဖျပ်ဖျပ်လှုပ်ခတ်စေ၏။
ညက မှောင်မိုက်နေပြီး လေကလည်းအရမ်းတိုက်နေတာ သူ့ရှေ့မှာရှိနေတဲ့လူက ရှောင်ရှစ်တိတော့ဟုတ်တယ်မလား?
ဒီလောကထဲမှာရော သရဲတစ္ဆေတွေရှိတာလား?
ထိုသို့ဖြစ်နိုင်ချေကိုတွေးကာ ဖန်းချောင်ကျိုးသည် ရွှယ်သမ်းရုန်၏ မေ့ကြောကိုထိရန်ပြင်လိုက်၏။ယခုကဲ့သို့အလွန်အေးသောရာသီဥတုတွင် မေ့ကြောကိုထိခြင်းကသာ နှလုံးခုန်သံရှိမရှိ အမြန်ဆုံးသိနိုင်ပေလိမ့်မည်။
မေ့ကြောရှိ သွေးခုန်နှုန်းသည် နှလုံးခုန်သံဖြစ်ပြီး နှလုံးခုန်သံကိုခံစားရပါက သရဲတစ္ဆေမဖြစ်နိုင်တော့ပေ။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.