ညဥ့်ပုလဲ၏အလင်းရောင်သည် ကျောက်ကုတင်ပေါ်သို့ ဖျော့တော့စွာဖြာကျနေသည်။ ဖန်းချောင်ကျိုး သည် ပျော့ပျောင်းသောအိပ်ရာပေါ်တွင် အိပ်ရသည်ကို နှစ်သက်သောကြောင့် သူသည် မာကြောလှသောကျောက်ကုတင်ကြီးပေါ်တွင် မွေ့ယာအလွှာများစွာကို ချထားလေ၏။
ဖန်းချောင်ကျိုးသည် ယခုအချိန်တွင် အိပ်ရာထဲသို့ နစ်မြုပ်လုနီးပါး ဖြစ်နေ၏။အကယ်၍ သူ၏ ခါးကိုဖက်ထားသော ရွှယ်သမ်းရုန်၏ လက်ကြောင့်သာ မဟုတ်ပါက၊ သူသည် တည်ငြိမ်ရုံမျှသာ ဖြစ်သည်။
ဇာတ်လမ်းတွေ အများကြီးဖတ်ဖူးပေမယ့် ဒါပထမဆုံးအကြိမ် ကိုယ်တိုင်ကြုံဖူးတာပဲ
အမှောင်ဝိညာဉ်ဂိုဏ်းသို့ ပြန်ပေးဆွဲခံရစဉ်အချိန်က ဖန်းချောင်ကျိုးသည် သူပျင်းသည့်အချိန်တိုင်း ရွှယ်သမ်းရုန်၏ လက်ကို အကြာကြီးစိုက်ကြည့်နေတတ်၏။ထိုလက်ချောင်းများသည် ကြက်သွန်မြိတ်ကဲ့သို့ အချိုးအစားကျကျ၊ကျစ်လျစ်သွယ်လျပြီး ဖြူဖွေးနေကာ အသားမာမဆိုထားနှင့် အမာရွတ်သေးသေးလေးပင်မရှိ၊၎င်းသည် အမှန်တကယ် ပြီးပြည့်စုံကာလှပသော ကျောက်စိမ်းလေးလိုပင်။
T/N ဖန်းဖန်းက တကယ်ကြီးကြက်သွန်မြိတ်နဲ့ ခိုင်းနှိုင်းထားတာပါ
ဖန်းချောင်ကျိုး မျက်လုံးများကိုမှိတ်ထားလျှင်တောင်မှ ရွှယ်သမ်းရုန်၏လက်က သူ့စိတ်ထဲတွင် အမြဲပေါ်လာလိမ့်မည်ဖြစ်သည်။
"ဟင်း..." ဖန်းချောင်ကျိုးသည် သူအသံထွက်မိသွားသည်ကိုသိပြီးနောက် ဒုတိယအကြိမ်ထပ်မထွက်မိစေရန် ပါးစပ်ကိုတင်းတင်းစေ့ထားလိုက်၏။
ဤအခိုက်အတန့်တွင် မြင်ကွင်းသည်ပင် ရှက်စရာကောင်းနေပြီဖြစ်ရာ အသံများ ထပ်မထွက်နိုင်တော့ပေ။
သို့သော်ငြားလည်း၊ ချင်းရှင်မန္တန်ကို ရွတ်ဆိုနေသော ရွှယ်သမ်းရုန်သည် ခေတ္တရပ်သွား၏။
T/N ချင်းရှင်=စိတ်နှလုံးဖြူစင်ခြင်း
ရွှယ်သမ်းရုန်သည် သူ၏မျက်တောင်ရှည်များကို လှုပ်၍ မျက်လုံးကို အနည်းငယ်လှည့်ကြည့်လိုက်ပြီး ဖန်းချောင်ကျိုးကို ဖက်ထားသော သူ့လက်မောင်းကို အနည်းငယ်ရွှေ့ကာ မန္တန်ကို ဆက်လက်ရွတ်ဆိုခဲ့သည်။တွေးရင်း တွေးရင်းဖြင့် ရွှယ်သမ်းရုန်၏မျက်လုံးများသည် ကုတင်ဆီကနေ သူ့လက်မောင်းများကြားရှိလူဆီသို့ ရောက်သွား၏။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Narrativa StoricaTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.