Chapter 28(U)

2.7K 566 34
                                    

ထိုစကားများထွက်လာသည်နှင့် သားအဖနှစ်ယောက်၏မျက်လုံးများသည် အနည်းငယ်ထူးဆန်းသွားပြီး  ဖန်းချောင်ကျိုး၏ဝမ်းဗိုက်အား တညီတညာတည်းကြည့်နေကြ၏။ ဖန်းချောင်ကျိုးက ပိုလို့တောင် ဒေါသထွက်လာပြီး "ဘာကြည့်နေကြတာလဲ၊ ငါ ကိုယ်ဝန်မရသေးပါဘူး"

လီကျူးသည် မိုးကြိုးပစ်ခံရသလိုခံစားလိုက်ရပြီး "တကယ်ပဲကိုယ်ဝန်ဆောင်နိုင်တာလား?ငါ့ကိုလိမ်ခဲ့တာမဟုတ်ဘူးလား" ဖန်းချောင်ကျိုးကသူ့အား လျစ်လျူရှုနေသောကြောင့် သူ၏အဖေကိုကြည့်ကာ "အဖေ၊သူက တကယ်ကိုယ်ဝန်ဆောင်‌နိုင်တာလား?"

လီယီးရဲ့က သူ၏သားသည် ဤမျှတုံးအလိမ့်မည်ဟုမမျှော်လင့်ထားသဖြင့် ပြုံးနေသောသူ၏နှုတ်ခမ်းများကို စေ့လိုက်ပြီး ဂရုမစိုက်ဟန်ပြောလိုက်၏။"မင်းဒီဗရုတ်သုတ်ခဝတ္ထုတွေကိုထပ်ဖတ်မယ်ဆိုရင် မင်းရဲ့ညီကို ဂိုဏ်းချုပ်နေရာပေးလိုက်မယ်"

လီကျူး: "!!!"

သူတစ်ခုခုထပ်ပြောချင်သော်လည်း သူ၏အဖေသည် ရင်ခွင်ထဲရှိမေမေလေးနှင့်ထွက်သွားပြီဖြစ်သည်။

ဖန်းချောင်ကျိုးနှင့်လီကျူးသည် ထွက်ပြေးရန် အနည်းဆုံးနာရီဝက်လောက်အချိန်ယူလိုက်ရ၏။လီယီးရဲ့သည် ဖန်းချောင်ကျိုးကို ကုလားထိုင်ပေါ်တင်ကာ ရေယူပြီး အဝတ်စကိုလိမ်၍ ဖန်းချောင်ကျိုးကိုက်ခံထားရသော နားရွက်ကို အကြိမ်များစွာဂရုတစိုက်သုတ်ပေးနေရင်း ဖန်းချောင်ကျိုးအားမေးလာ၏။

"သူမင်းကို ဘယ်နေရာကိုကိုက်လိုက်တာလဲ"

ဖန်းချောင်ကျိုးသည် လီယီးရဲ့၏ စူးစမ်းနိုင်စွမ်းကြောင့် အနည်းငယ် အံ့သြသွားပြီး သူ့လက်ကို တစ်ချက်ကြည့်လိုက်၏။

ထိုအခြင်းအရာကိုမြင်သောအခါ လီယီးရဲ့သည် ဖန်းချောင်ကျိုး၏ဝတ်ရုံလက်ကိုခေါက်လိုက်သည်။လက်မောင်းပေါ်ရှိ သွားရာသုံးခုကိုမြင်သော် လီယီးရဲ့၏မျက်လုံးများသည် အနည်းငယ်ရှုပ်ထွေးသွားပုံရကာ ပုံမှန်လေသံဖြင့်ပြောလာ၏။"လီကျူးက ဟိုဟာကိုက်မယ် ဒီဟာကိုက်မယ်ပြောပေမယ့် မင်းကသူကိုက်တာကိုတကယ်ခံရတဲ့ပထမဆုံးသူပဲ"

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now