Chapter 48.2 (U)

2.7K 340 11
                                    

" ဒါပေမယ့် အဖေ သူတို့ကို တမလွန်မှာ....မျက်နှာချင်းမဆိုင်ရဲတော့ဘူး......"

စကားမဆုံးခင်မှာပင် ဧကရာဇ်မင်းမြတ်၏ ဦးခေါင်းသည် တစ်ဖက်သို့ အားနည်းစွာ စောင်းသွားပြီး နှုတ်ခမ်းထောင့်စွန်းမှ အနက်ရောင်သွေးများ စီးကျလာတော့သည်။

ထို့နောက်တွင် ကျုံးလီယွဲ့ရှီ၏ အေးစက်သောအသံ ထွက်ပေါ်လာသည်။

"သူကျင့်သုံးခဲ့တဲ့ နတ်ဆိုးနည်းပညာက သုံးတဲ့သူရဲ့ ငယ်ရွယ်မှုနဲ့ မသေနိုင်တဲ့ဘဝကို ယာယီခေတ္တထိန်းသိမ်းထားနိုင်စေမယ့် ပြန်လည်ဝင်စားခြင်းနည်းပညာလို့ ခေါ်တယ်၊ ဒါပေမယ့် တခြားသူတွေရဲ့ အသက်ဓာတ်ကို စဉ်ဆက်မပြတ် စုပ်ယူဖို့ လိုအပ်တယ်၊ အဲဒီဆိုးညစ်တဲ့နည်းက သူ့စိတ်ကို ထိန်းချုပ်ထားတာကြောင့် သူက နတ်ဆိုးတစ်ပိုင်းနဲ့ လူတွေရဲ့အသက်ဓာတ်ကို စုပ်ယူပြီးရှင်သန်ရတဲ့ မကောင်းဆိုးဝါးတစ်ပိုင်းဖြစ်သွားတာ၊ သူမင်းကို အနားလာဖို့‌ခေါ်တာက မင်းက သူအသက်ဓာတ်စုပ်ယူမယ့်နောက်ဆုံးတစ်ယောက်မို့လို့နေမယ်"

ဖန်းချောင်ကျိုးမှာ မည်သည့်စကားမှပြန်မပြောဘဲ ကုတင်ပေါ်တွင် လဲလျောင်းနေသော အဘိုးအိုကို စိုက်ကြည့်နေသည်။

ဖန်းချောင်ကျိုးမှာ ကျုံးလီယွဲ့ရှီမည်သည့်အချိန်တွင် ထွက်သွားသည်မှန်း သတိမထားမိလိုက်ပေ။ အဆုံးမှာတော့ ရွှယ်သမ်းရုန်သာ သူ့အားမြေပြင်ပေါ်မှ ဆွဲထူပေးလာ၏။

"ရှစ်ရှုန်း" ရွှယ်သမ်းရုန်၏မျက်လုံးများသည် စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။

ရွှယ်သမ်းရုန်၏စကားကိုကြားသောအခါ ဖန်းချောင်ကျိုးသည် ခေါင်းကိုငုံ့ပြီး ခဏအကြာတွင် "ငါအဆင်ပြေပါတယ်၊ ငါဒီတိုင်း..ဒီတိုင်း နည်းနည်းစိတ်မကောင်းဖြစ်ရုံပါ၊ ငါ့ကိုအချိန်နည်းနည်းပေး၊ ငါ့စိတ်ကိုငါပြင်ဆင်လိုက်ဦးမယ်"

ထိုစကားများမှာ လက်တွေ့တွင်တော့ တခြားစီပင်။

ဖန်းချောင်ကျိုးမှာ သုံးရက်ကြာ မလှုပ်မရှားနိုင်ပေ၊ဤသုံးရက်အတွင်း သူသည်ဧကရာဇ်မင်းမြတ်၏အိပ်ဆောင်ရှေ့ရှိ ကျောက်စိမ်းလှေကားထစ်ပေါ်တွင်သာ ထိုင်နေပြီး အဝေးရှိအနီရောင်နန်းတော်နံရံများအား ငေးကြည့်နေမိသည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now