သူ၏ မူလအသွင်အပြင်ကိုပြန်လည်ရရှိသွားသော လီကျူးသည် ကြောင်တစ်ကောင်နှင့်အလွန်တူလှ၏။ မျက်လုံးများသည် ကြောင်မျက်လုံးများကဲ့သို့ပင်ဝိုင်းစက်နေပြီး သေးသွယ်သောနှာတံ၊ နှုတ်ခမ်းသေးသေးဖြင့် သူ၏ဖခင် လီယီးရဲ့နှင့် မည်သည့်နေရာမှမတူပေ။
သူသည် ကုတင်ပေါ်သို့တက်လာပြီး ဖန်းချောင်ကျိုးအားနှစ်ကြိမ်ခန့်မာန်လိုက်ကာ"အခုတော့ မင်းကငါ့လက်ထဲကိုရောက်နေပြီ သခင်လေး မင်းကိုဘယ်လိုအပြစ်ပေးရမလဲ "
လီကျူးသည်စကားပြောပြီးသည်နှင့် သူ၏ကြာပွတ်ကိုလှမ်းကိုင်လိုက်သော်လည်း မည်သည့်အရာမှရှိမနေ။သူသည်ရေချိုးပြီး အဝတ်လဲကာ ကြာပွတ်ကိုစားပွဲပေါ်၌တင်ထားခဲ့သည်အားသတိရသွားတော့၏။
ကြာပွတ်ရှိမနေသောကြောင့် လီကျူးမှာမပျော်နိုင်တော့ပေ။
ဖန်းချောင်ကျိုးသည် လီကျူး၏ခါးထက်တွင် ကြာပွတ်ရှိမနေကြောင်းမြင်လိုက်ရသည့်အခါ စိတ်သက်သာရာရသွားလေ၏။ယခုအချိန်တွင်ဖန်းးချောင်ကျိုး၌ခွန်အားမရှိသဖြင့် နတ်ဆိုးလေးသာ သူ့အားကြာပွတ်ဖြင့်ရိုက်မည်ဆိုပါက ရှောင်နိုင်မည်မဟုတ်ပေ။
လီကျူးသည် ဖန်းချောင်ကျိုးစိတ်သက်သာရာရနေပုံကို မထင်မှတ်ဘဲ သတိပြုမိသွား၏။နတ်ဆိုးလေးမှာပို၍မပျော်တော့ပေ။ကြောင်ကလေးသည် ဖန်းချောင်ကျိုးကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် သူ၏လက်ဖြင့် ဖန်းချောင်ကျိုး၏လက်ကိုဆုပ်ကိုင်လိုက်၏။
ဖန်းချောင်ကျိုးသည် ယခုအချိန်တွင်သူ၏ကိုယ်ပိုင်အဝတ်အစားများကို ဝတ်ဆင်ထားခြင်းမဟုတ်ပေ။လီယီးရဲ့၌ထင်ရှားသည်အကြိုက်တစ်ခုရှိပြီးသူသည် နူးညံ့သိမ်မွေ့သောအလှလေးများကိုနှစ်သက်၏။သူဝတ်သည့်အဝတ်များသည်လည်း နူးညံ့ကာပါးလျ၏။ဖန်းချောင်ကျိုးဝတ်ထားသောအဝတ်သည် အကောင်းဆုံးသောတိမ်ပိုးဖြင့်ပြုလုပ်ထားလေရာ တစ်စုံတစ်ယောက်သည် သူ၏လက်ကို မလိုက်ပါသောအခါ ဝတ်ရုံလက်သည် အလိုအလျောက်လျှောကျသွားပြီး သူ၏လက်မောင်းသားများအားပေါ်လွင်စေ၏။
မူလပိုင်ရှင်သည် ကျင့်ကြံခြင်း၌ အလွန်ကြိုးစားပြီး အသားအရည်လည်း ဖြူစင်သည်။သို့သော် ဖန်းချောင်ကျိုးကူးပြောင်းလာပြီးနောက် အပြင်မထွက်ဘဲဂူထဲ၌ပင် တစ်နှစ်ကျော်ကြာနေထိုင်ခဲ့သည်။သူသည် တစ်လကျော်ကြာ လေ့ကျင့်ခဲ့သော်လည်း ကျီချွင်းကျိုးရှိရာသီဥတုသည် အေးခဲပြီး နေရောင်မှာဖျော့တော့လှသဖြင့် အသားကိုပင်မညိုစေပေ။ထို့ကြောင့် သူ၏နဂိုအသားအရည်မှာ လုံးလုံးလျားလျားပေါ်လွင်နေ၏။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.