Chapter 18 ( U)

2.9K 532 19
                                    

T/N Hello! readerလေးတို့ရေ ဟိုနေ့ကမေးထားတာလေး ဖြေပေးကြတာ တကယ်ကိုကျေးဇူးပါရှင် ဒါလေးက C novelလည်းဖြစ်တော့ အာ့ရှစ်ရှုန်း(ဒုတိယဆရာတူအစ်ကိုကြီး) ရှောင်ရှစ်တိ(ဆရာတူညီလေး) လို့ပဲသုံးလိုက်ပါမယ်နော် ရှေ့အပိုင်းတွေမှာလည်းဖြည်းဖြည်းချင်း ပြန်ပြင်ပေးပါမယ်
ဖန်းချောင်ကျိုး--အာ့ရှစ်ရှုန်း
ရွှယ်သမ်းရုန်--ရှောင်ရှစ်တိ

ရွှယ်သမ်းရုန်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး နီစွေးနေသောနှုတ်ခမ်းများက တင်းတင်းစိထားလေသည်။သို့သော် အဆုံးတွင် သူသည် ဘာမှမပြောဘဲ တင်ပျဉ်ခွေထိုင်ရန် နေရာလွတ်တစ်ခုအား လှည့်၍ရှာလေ၏။

ဖန်းချောင်ကျိုးက ရွှယ်သမ်းရုန်သည် သူနှင့်ဝေးရာ၌ နေနေကြောင်း တွေ့လိုက်သောအခါ အံ့အားသင့်သွားသည်။ ပြီးနောက် သူစဉ်းစားလိုက်၏။ ဒါကမှ ပုံမှန် ရှောင်ရှစ်တိပဲ ခုနကရှောင်ရှစ်တိက ပုံမှန်မဟုတ်ဘူး... ကြည့်ရတာ အဆိပ်ကြောင့်ဖြစ်ပုံရမယ်....

သူတို့သည် ဘုရားကျောင်းပျက်ကြီးထဲတွင် တစ်ညလုံးနေခဲ့ကြသည်။ဖန်းချောင်ကျိုးသည် ရွှယ်သမ်းရုန်နှင့်အတူ အပြင်ဘက်မှလှုပ်ရှားမှုများအား စောင့်ကြည့်ပေးချင်ပါသော်လည်း မကြာမီတွင် အိပ်ပျော်သွားပြီး ရွှယ်သမ်းရုန်က သူ့ကိုလာနှိုးခါမှ နိုးလာတော့သည်။

"အာ့ရှစ်ရှုန်း...ကျွန်တော်တို့သွားသင့်ပြီ" ရွှယ်သမ်းရုန်သည် ထိုစကားများအား အေးတိ အေးစက်ပြောပြီး သမ်းရွှိန်ဓားကိုယူကာ အကာ အကွယ်ကို ပယ်ဖျက်ပြီး ဘုရားကျောင်းထဲမှဦးဆောင်ကာထွက်သွားသည်။

ဖန်းချောင်ကျိုးသည် အလျင်အမြန်ထလိုက်သော်လည်း သူ၏ဆံပင်နှင့် အဝတ်အစားများကို သပ်ရပ်အောင်မပြင်ရသေးသောကြောင့် လှမ်းအော်လိုက်၏။

" ရှောင်ရှစ်တိ ငါ့ကိုစောင့်ပါဦး"

သူ၏အဝတ်နှင့်ဆံပင်များကို သေသပ်အောင်ပြင်ဆင်ပြီး ထွက်လာသည့်အခါမှာတော့ ရွှယ်သမ်းရုန်ဟာ ဓားပျံပေါ်တွင်ရပ်နှင့်နေပြီဖြစ်သောကြောင့် ဖန်းချောင်ကျိုးလည်း ထိုဓားပျံပေါ်သို့ အလျင်အမြန်တက်လိုက်၏။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now