Chapter 6 (U)

3.1K 518 7
                                    

ထိုသူသည် ဖန်းချောင်ကျိုး၏လမ်းကိုပိတ်ဆို့ပြီး ရွှေညိုရောင်ကြာပွတ်ကို ခါးမှဆွဲထုတ်ကာ သူ့ဘေးရှိနေရာသို့ ပြင်းထန်စွာရိုက်လိုက်သည်။

ဖန်းချောင်ကျိုးသည် တခဏမျှ ထိတ်လန့်သွားပြီး ထိုလူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါတွင် "မင်းကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ ငါတို့ ဘယ်မှာ တွေ့ဖူးတာပါလိမ့်"

"ဟမ့်၊ မြင်ဖူးရုံတင်မဟုတ်ဘူး စကားပါပြောဖူးတယ်။" ထိုလူက အနက်ရောင်ဝတ်ထားသော်လည်း အရွယ်မရောက်သေးသည့် သူ့မျက်နှာသည် ရက်စက်‌ပုံရပြီး "ပြီးခဲ့တဲ့ရက်က စာအုပ်ဆိုင်မှာ မင်းကပိုက်ဆံမပေးဘဲထွက်သွားလို့ ငါ့ပိုက်ဆံတွေကုန်ခဲ့ရတယ် ဒီနေ့တော့ မင်းကိုသင်ခန်းစာပေးမှရမယ်"

စကားမဆုံးခင်မှာပင် ငွေဒင်္ဂါးပြားတစ်ခု သူ့ရှေ့တွင်ပေါ်လာသည်။

ကောင်လေးက ခေတ္တရပ်လိုက်ပြီး "မင်းဘာကိုဆိုလိုချင်တာလဲ"

"တောင်းပန်ပါတယ်၊ ငါပြီးခဲ့တဲ့ အကြိမ်က ပေါ့ပေါ့ဆဆ လုပ်ခဲ့မိတာ။ ဒီငွေက စာအုပ်အတွက် လုံလောက်သင့်တယ်" ဖန်းချောင်ကျိုးသည် ပြဿနာကို အမုန်းဆုံးဖြစ်ပြီး သူသည် အခြားသူများနှင့် ငြင်းခုံရခြင်းကို မကြိုက်ပေ။ ပိုက်ဆံဖြင့် ပြသနာကိုဖြေရှင်းနိုင်ပါက ဘယ်လောက်ပဲဖြစ်ဖြစ်ပေးရန်ဝန်မလေးပေ။

ထိုစကားကိုကြားသော လူငယ်သည် ကြာပွတ်ကိုယူကာ ဖန်းချောင်ကျိုးအား  "ဒီငွေနည်းနည်းနဲ့ ငါ့ကို ဖယ်ထုတ်နိုင်မယ်လို့ ထင်နေတာလား ငါ့ကိုသူတောင်းစားလို့ မင်းထင်နေတာလား "

ဒါပေမယ့် ကြာပွတ်ဟာ ဖန်းချောင်ကျိုးဆီရောက်ချိန် သူ(နတ်ဆိုးလေး)မျှော်လင့်ထားသလို ကြောက်ရွံ့မနေပေ။

ဆယ်ကျော်သက်အရွယ်နတ်ဆိုးပေါက်စလေးဟာ ဒီလူနဲ့ မရင်းနှီးနိုင်ဘူးလို့ ခံစားခဲ့ရပြီး အကြောင်းရင်းတစ်ဝက်ကတော့ တစ်ဖက်လူရဲ့မျက်နှာဟာ သူချစ်ရသောသူရွှယ်သမ်းရုန်ကဲ့သို့ခက်ထန်ကာ အေးစက်နေသောအလှမျိုးမဟုတ်။ ဒီလူ(ဖန်းချောင်ကျိုး)ရဲ့အလှက ရေလို၊ ပျော့ပျောင်းပြီး ညင်သာကာ ရန်လိုမှုမရှိ၊ သူ့မျက်လုံးထဲတွင် ကမ္ဘာပေါ်ရှိ အရာအားလုံးသည် လှပနေပုံရသည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now