Chapter 45.1 (U)

1.8K 396 11
                                    

"ရှစ်ရှုန်း၊ ကျွန်တော် ကူညီပါရစေ"

လူငယ်လေး၏အသံကြောင့်လား အပြုအမူကြောင့်လားမသိ ဖန်းချောင်ကျိုးမှာ ကြက်သေသေသွား၏။သို့သော် သူ၏ခါးစည်းကြိုးအားဖြည်လိုက်သည့်အသံကိုကြားသော် လျင်မြန်စွာတုန့်ပြန်၍ လူငယ်လေး၏လက်အားဆွဲကိုင်လိုက်၏။အမှောင်ထုထဲတွင် တစ်ဖက်လူ၏ပုံသဏ္ဍာန်ကို ယောင်ဝါးဝါးသာ ပုံဖော်နိုင်ပြီး မျက်နှာအား ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။

"မ... မလိုပါဘူး ရတယ်၊ ငါ့ဘာသာလုပ်နိုင်တယ်" ဖန်းချောင်ကျိုးမှာ မိမိဘာကြောင့်စကားထစ်နေမှန်းမသိသော်လည်း သူ၏ရှောင်ရှစ်တိအား ကြောက်နေစရာမလိုဟု စိတ်ထဲ၌တွေးလိုက်၏။

ရှောင်ရှစ်တိ၏ မြွေဆိပ်အား မဖြေရသေးသည့်အပြင် ပိုဆိုးလာပါကလည်း ကိစ္စမရှိ၊ ရှောင်ရှစ်တိသည် အဓိကဇာတ်လိုက်ဖြစ်၏။သူသည် မိမိကိုယ်ကိုထိန်းချုပ်ပြီး ရှောင်ရှစ်တိ၏ခန္ဓာကိုယ်အား မတပ်မက်သရွေ့ ပြဿနာဖြစ်လာမည်မဟုတ်ပေ။

ရွှယ်သမ်းရုန်သည် ခေတ္တမျှ ငြိမ်နေပြီး "ကောင်းပြီ ရှစ်ရှုန်း၊ အဲ့ဒါဆို ကိုယ့်ဘာသာအဝတ်တွေချွတ်လိုက်ပါ"

လူငယ်လေးသည် ဖန်းချောင်ကျိုးဆုပ်ကိုင်ထားသော လက်မှ သူ၏လက်ကိုပြန်ရုတ်လိုက်သော်လည်း ဘေးတွင် မလှုပ်မယှက်ဘဲ ရပ်နေလေသည်။

ဖန်းချောင်ကျိုးသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ဘေးဘက်သို့ လှည့်လိုက်သည်။ သူသည် ယခင်က အခန်းဖော်များနှင့် အတူနေထိုင်ဖူးသော အတွေ့အကြုံရှိခဲ့ပြီး သူတို့ရှေ့တွင် အဝတ်အစားများ အကြိမ်ကြိမ်လဲဖူးသော်လည်း ထိုကဲ့သို့ စေ့စေ့ကြည့်ခံရခြင်းမျိုး တစ်ခါမျှ မတွေ့ခဲ့ရပေ။

ဖန်းချောင်ကျိုးသည် သူ့ရှေ့ရှိလူငယ်လေးအားကြည့်ကာ "ရှောင်ရှစ်တိ၊ မင်းရော အဝတ်တွေမချွတ်ဘူးလား?"

ရှောင်ရှစ်တိသာ အဝတ်များကိုချွတ်ပါက သူစိုက်ကြည့်၍ရမည်မဟုတ်။

သို့သော် သူ့ရှေ့မှလူငယ်လေးက အဝတ်များစတင်ချွတ်နေသည်အား မြင်လိုက်ရ၏။လူငယ်လေး၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း လှုပ်ရှားမှုများအား မြင်နေရ၏။ရွှယ်သမ်းရုန်သည် သူ၏အတွင်းဝတ်များကိုပါ ချွတ်ခါနီးတွင် ဖန်းချောင်ကျိုးသည် လျင်မြန်စွာထ၍ လူငယ်လေး၏လက်ကို ဆုပ်ကိုင်လိုက်သည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now