Chapter 40 (U)

2.3K 466 44
                                    

စုန့်လျန်ရီသည် နှုတ်ဆိတ်နေပြီး ပြန်လည်တုံ့ပြန်ခြင်းမပြုပေ။ ဖန်းချောင်ကျိုးသည် ခေတ္တမျှတွေးတောပြီးနောက် စုန့်လျန်ရီကိုစီရင်ထားသော ၀စီပိတ်မန္တန်အား မဖြည်ပေးချေ။ထိုအစား သူကိုယ်တိုင် ကြေးနီဘောလုံးကို စတင်လေ့လာတော့၏။

ဖန်းချောင်ကျိုး၏လက်ထဲမှ ကြေးနီဘောလုံးသည် ယမ်းခါလာပြီး မထင်မှတ်ပဲ အသံတစ်ခုကြားလိုက်ရသည်။

ကြေးနီဘောလုံး၏အထဲ၌ ကြေးနီပုတီးလေးများ ရှိနေပုံရ၏။

ထိုအသံကိုကြားသည်နှင့် စုန့်လျန်ရီသည် နောက်ကျော၌ချည်ထားခံရသောလက်များကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။သူသည် ဖန်းချောင်ကျိုးအား ထိတ်လန့်စွာစိုက်ကြည့်နေ၏။စုန့်လျန်ရီသည် ထိုအရာအား ဖန်းချောင်ကျိုးမခန့်မှန်းနိုင်ဟု တွေးထင်ထားပုံပင်။

ထျန်းရွှိန်ဂိုဏ်းသည် ကျော်ကြားသော ကျင့်ကြံရေးဂိုဏ်းတစ်ခုဖြစ်ပြီး ၎င်း၏တပည့်များသည် အိပ်ရာပေါ်၌အသုံးပြုသည့် ပစ္စည်းများအကြောင်း မည်သို့သိမည်နည်း။

သို့သော် ဖန်းချောင်ကျိုးသည် ဝတ္ထုဖတ်ခြင်းကို နှစ်သက်သူဖြစ်သည်။ ထိုအသံကိုကြားရပြီး စုန့်လျန်ရီ၏တုံ့ပြန်မှုကိုမြင်သောအခါ ဖန်းချောင်ကျိုးသည်  "ဒါက ဝတ္ထုတွေထဲမှာပါတဲ့ မျန်ကျိလင် မဟုတ်လား"

ဤစကားကိုကြားသောအခါ စုန့်လျန်ရီသည် တိတ်တဆိတ်အံကြိတ်မိ၏။ ဖန်းချောင်ကျိုး သူ့ဆီ  လျှောက်လာသောအခါ စုန့်လျန်ရီသည် သူ၏ခြေထောက်များကို အလိုလိုစေ့လိုက်မိ၏။

"ဒါကတကယ်ပဲ မျန်ကျိလင်လား စာအုပ်တွေထဲမှာပြောထားတာနဲ့ သိပ်မတူဘူးပဲ" ဖန်းချောင်ကျိုးသည် ထိုအရာအား ကလိနေရင်း ခလုတ်တစ်ခုရှိကြောင်း ရုတ်တရက် သတိထားမိလိုက်၏။

ဖန်းချောင်ကျိုးသည် စုန့်လျန်ရီကို လှမ်းကြည့်ပြီးနောက် ခလုတ်ကို မရဲတရဲနှိပ်လိုက်၏။

သူ၏လက်ထဲမှ ကြေးနီဘောလုံးသည် ရုတ်တရက် တုန်ခါလာသည်။ ဖန်းချောင်ကျိုး၏ လက်ချောင်းများထုံသွားပြီး ကြေးနီဘောလုံးမှာ မြေပြင်ပေါ်သို့ ကျသွားတော့၏။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now