ရုတ်တရက်ဆိုသလိုပင် ဖန်းချောင်ကျိုးသည် သူ၏ခါးရှိလက်များတင်းကြပ်သွားသလို ခံစားလိုက်ရသည်။
"သခင်လေး၊ အဲဒီလူက အရမ်းရက်စက်တာပဲ" ယီယီက ကြောက်ရွံ့နေပုံရပြီး ဖန်းချောင်ကျိုး၏ လက်မောင်းများထဲသို့ ပို၍ပို၍ ကျုံ့ဝင်သွားသည်။
ဖန်းချောင်ကျိုးသည် သူမနှင့်ထိမိနေရာတိုင်း ကြက်သီးများထသွားသလိုခံစားရပြီး သူမနှင့်မထိမိသည့် နေရာများကတော့.....
လေအေးတွေ ဝိုင်းနေသလို ခံစားရတယ်...
အထူးသဖြင့် သူ့နောက်ကျောက...
ငါ့နောက်မှာ ဘာရှိနေတာလဲ...
ဖန်းချောင်ကျိုးသည် နောက်ပြန်လှည့်ကြည့်သောအခါ သူ၏ရှောင်ရှစ်တိမှတပါး အခြားမည်သူမျှမရှိပေ။
ထားလိုက်တော့၊ ဒီအေးစက်တဲ့လေထုက ဘယ်ကလာလဲဆိုတာ ရှာနေဖို့အရေးမကြီးဘူး သူ့လက်မောင်းထဲကမိန်းကလေးကို အရင်ဖြေရှင်းရမယ်။
ဖန်းချောင်ကျိုးသည် သူ့ဘေးနားရှိ ရှစ်မေ့ကို စူးစူးဝါးဝါး မျက်စိမှိတ်ပြလိုက်ပြီး ရှစ်မေ့သည် နောက်ဆုံးတော့ နားလည်သွားကာ ယီယီအားဆွဲထုတ်ပြီးနောက် အနှီမိန်းကလေးကဖန်းချောင်ကျိုးအား နောက်တစ်ကြိမ်ထပ်ဖက်လာမည်စိုးသောကြောင့် ရှစ်မေ့သည် ဖန်းချောင်ကျိုး၏ရှေ့တွင်ပိတ်ကာရပ်နေလိုက်သည်။
"မိန်းကလေး၊ ငါတို့ရဲ့အာ့ရှစ်ရှုန်းက ကြမ်းတမ်းတဲ့အစေခံမိန်းကလေးမလိုဘူးလို့ ပြောထားပြီးသားမို့ ကျေးဇူးပြုပြီး ပြန်လိုက်ပါ"
မိန်းကလေးယီယီက သူမကိုဆွဲထားတဲ့ ရှစ်မေ့ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "ကျွန်မမိသားစုက ဘယ်ကိုမှ သွားစရာမရှိဘူး၊ ကျွန်မမိသားစုရဲ့ဆင်းရဲနွမ်းပါးတဲ့ဘဝအတွက် သနားလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ မဟုတ်ရင်တော့ ကျွန်မ မြစ်ထဲကိုပဲခုန်ချလိုက်ပါတော့မယ် နောက်ဘဝမှာ ချမ်းချမ်းသာသာနဲ့မွေးဖွားလာနိုင်လောက်မှာပါ"
ဖန်းချောင်ကျိုး: "ဪ.."
မိန်းကလေးယီယီ: "..."
သူမသည်မျက်ရည်များကျဆင်းလာကာ အကြင်နာမရှိသောသူတစ်ယောက်ကိုကြည့်နေသလို ဖန်းချောင်ကျိုးအားကြည့်နေ၏။သူမသည်ဖန်းးချောင်ကျိုးအား ထိုသို့သောသူမျိုးဖြစ်မည်ဟုမမျှော်လင့်ထားသယောင်။သို့ပေသည့် ဖန်းချောင်ကျိုးသည် ထူးမခြားနားသယောင်ပင် သူ၏ပါးစပ်ကိုကွယ်ကာ အနည်းငယ်သမ်းဝေလိုက်သေးသည်။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.