Chapter 1 (U)

8.6K 719 13
                                    


တဖြည်းဖြည်းညဉ့်နက်လာသည်နှင့်အမျှ တစ္ဆေများ ‌မြေခွေးများ၏ မြည်တမ်းနေသံများ၊အေးစိမ့်နေတဲ့ လေများက ဂူအတွင်းကိုတိုက်ခတ်လာလေသည်။

အရောင်ဖျော့ဖျော့ဘရိုကိတ်ဝတ်စုံကိုဝတ်ထားတဲ့ လူငယ်လေးတစ်ယောက်သည် ဂူဝတွင် တင်ပျဉ်ခွေထိုင်နေ၏။လေကြမ်းတွေကြောင့် သူ့ရဲ့ဝတ်ရုံလက်ရှည် တဖျတ်ဖျတ်နဲ့လွင့်နေသည့်အသံများသာ ထွက်ပေါ်နေသည်။ထိုလူငယ်လေးသည် ဂူပြင်ကို မမှိတ်မသုန်ကြည့်နေပြီး အချိန်အတော်ကြာတဲ့အခါမှာ သူ့ရဲ့နောက်က အသံတစ်သံကိုကြားလိုက်ရသည်။

လူငယ်လေးကလှည့်ကြည့်လိုက်သည့်အခါနှင်းဖြူရောင်ဝတ်စုံဖြင့် ကောင်လေးတစ်ယောက်သည် သူ၏ကိုယ်လေးကို ကျုံ့ကျုံ့လေးကွေးကာ ညည်းနေ‌လေသည်။တစ်စုံတစ်ယောက်က ထိုကောင်လေးကို အအေးဒဏ်ကနေ ပွေ့မထားပဲမနေချင်လောက်အောင်ကိုပင်။

သို့ပေသည့် ထိုလူငယ်လေးမှာ ကောင်လေးဆီသို့ မသွားခဲ့ပေ။

အကြောင်းမှာ သူက စာအုပ်ထဲကို ကူးပြောင်းလာတဲ့သူဖြစ်နေသောကြောင့်ပင်။

လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်တွင် သူသည် စာအုပ်ထဲသို့ကူးပြောင်းလာခဲ့သည်။ဖန်းချောင်ကျိုးသည် လွန်ခဲ့တဲ့တစ်နှစ်ခွဲခန့်တွင် မတော်တဆကားတိုက်မှုဖြစ်ပြီး သူ့မျက်လုံးတွေက ဖွင့်နိုင်နေတုန်းဖြစ်သည်။။‌နောက်တွင် သူသည် စာအုပ်ထဲသို့ကူးပြောင်းလာခဲ့မှန်းသိလိုက်ရသည်။

ဘာလို့လဲဆို‌တော့ သူ့ရှေ့မှာမြင်နေရတဲ့လူတွေက ဆံပင်အရှည်ကြီးတွေ ပြီးတော့ ရှေးခေတ်အဝတ်အစားတွေကိုလည်း ဝတ်ထားတယ်...

ထို့နောက် လူတစ်ယောက်သည် သူ့အား အာ့ရှစ်ရှုန်းဟု နှုတ်ဆက်လာပြီး ထိုသူများသည် တခြားနာမည်များကိုလည်း ပြောနေကြ၏။ဖန်းချောင်ကျိုးက အဲ့ဒီလူတွေပြောနေတဲ့နာမည်တွေဟာ သူဖတ်လို့မပြီးသေးသည့် ဝတ္ထုထဲကဆိုတာသိလိုက်ရလေသည်။

ပျင်းရိငြီးငွေ့နေချိန်မှာ ဒီစာအုပ်ကိုဖတ်ရတဲ့‌အကြောင်းကရိုးရှင်းပါတယ်။ဘာလို့လဲဆို‌တော့ ဒီဝတ္ထုထဲမှာ သူ့နဲ့နာမည်တူနေတဲ့ ဇာတ်ကောင်တစ်ယောက်ပါနေလို့လေ။
သူနဲ့နာမည်တူနေတဲ့ဇာတ်ကောင်က အဓိကဇာတ်လိုက်ရဲ့အာ့ရှစ်ရှုန်းဖြစ်တယ်။ဝတ္ထုထဲကမူလဇာတ်ကောင်ဟာ နေ့စဉ်နဲ့အမျှ သူ့ရဲ့ရှောင်ရှစ်တိကို ခေါ်နေကာ သူ့ရဲ့ညီငယ်လေးအတွက် ဓားနဲ့အထိုးခံတယ်၊မကောင်းဆိုးဝါးတွေကိုသတ်ပေးတယ်၊ညီငယ်‌လေးရဲ့ရှေ့ကနေအရာအာလုံးကို ကာကွယ်ပေးတယ်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now