တစ်နာရီ၏လေးပုံတစ်ပုံကြာပြီးနောက်--ဖန်းချောင်ကျိုးသည် ကျုံးလီယွဲ့ရှီ၏အခန်းအပြင်ဘက်ရှိ စင်္ကြံတွင်ရပ်နေခဲ့ပြီး သူ၏ခေါင်းပေါ်၌ ကြောင်ခြေရာအနည်းငယ်ရှိနေ၏။
ကြောင်ဖြူသည် သူ့ထံမှ ခြေတစ်လှမ်းအကွာတွင် ထိုင်ကာ ၎င်း၏ခြေသည်းများကို သန့်ရှင်းနေသည်။
ကြောင်ဖြူသည် သန့်ရှင်းရေးလုပ်ပြီးနောက် ဖန်းချောင်ကျိုးကိုလှည့်ကြည့်လိုက်၏။သုန်မှုန်နေသည့် ဖန်းချောင်ကျိုးကို မြင်သောအခါ အမြီးကို ဝှေ့ယမ်းပြီး တံခါးဆီကို လျှောက်သွား၏။ကြောင်ဖြူ တံခါး ရှေ့သို့ရောက်သောအခါ တံခါးမှာ အလိုအလျောက်ပွင့်သွား၏။
ကြောင်ဖြူ ဝင်သွားပြီးနောက် တံခါးမှာ ပြန်ပိတ်သွား၏။
ဆယ်နာရီခန့်တွင် ဖန်းချောင်ကျိုးသည် အခန်းတွင်းမှ ကျုံးလီယွဲ့ရှီ၏ အသံကို ကြားလိုက်ရသည်။
"ဖန်ချောင်ကျိုး၊ မင်းကိုသင်ပေးဖို့ ငါ့မှာ တစ်နာရီပဲရှိတော့ ဒီတစ်နာရီအတွင်းမှာ ငါပြောခဲ့သမျှကို မင်းမှတ်မိဖို့ လိုတယ်"
သူစကားပြောပြီးသည်နှင့် ခဏလောက် ငြိမ်သွားပြီးနောက် သူ၏အသံမှာ ပို၍ပြင်းထန်လာကာ "ဖန်ချောင်ကျိုး!"
ဖန်းချောင်ကျိုးသည် ကျုံးလီယွဲ့ရှီ၏အသံကိုကြားသည်နှင့် တပြိုင်နက် မူးဝေလာသည်။သူနီးလာလေလေ ခေါင်းမူးလေလေဖြစ်သည်။သူသည် လျှာဖျားကိုကိုက်ကာ သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်၍ ပြန်ဖြေလိုက်၏။"ဟုတ်ကဲ့ပါ ရှစ်ကျူ"
နောက်တစ်နာရီကြာပြီးနောက် ဖန်းချောင်ကျိုးမှာ တချိန်လုံး မူးဝေနေပြီး တစ်ဖက်လူ၏ အသံ ဘယ်အချိန် ရပ်သွားသည်မှန်း မသိပေ။ကြောင်ဖြူသည် ကျုံးလီယွဲ့ရှီအခန်းထဲမှ ထွက်လာ၏။ဖန်းချောင်ကျိုးသည် တင်ပျဉ်ခွေကာ တရားထိုင်နေသော်ငြား မျက်လုံးများသည် လုံးဝ ဗလာဖြစ်နေ၏။ ကြောင်ဖြူသည် ရုတ်တရက် ကျားဖြူတစ်ကောင် ဖြစ်သွားပြီး ဖန်းချောင်ကျိုး၏ ကော်လာကို ကိုက်ကာ ဆွဲထုတ်သွား၏။
ဆယ်ပေကျော်အကွာမှ ဆွဲထုတ်ခံခဲ့ရသော ဖန်းချောင်ကျိုးသည် နောက်ဆုံးတွင် နိုးလာခဲ့သည်။ သူနိုးလာသည်နှင့်အမျှ ကျားဖြူသည် ကြောင်ဖြူတစ်ကောင်၏ သေးငယ်သော ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖန်းချောင်ကျိုး၏မျက်နှာပေါ်သို့ ခြေတစ်ဖက်ဖြင့် နင်းလိုက်သည်။ မန်ဒရင်းဘဲတစ်ကောင်၏မျက်လုံးများက သားကောင်ကို စိုက်ကြည့်နေသလို အေးစက်နေကာ "မြောင်၊ မင်းအခုလေ့ကျင့်ဖို့အချိန်ရောက်ပြီ၊ သခင်ကျုံးလီက ဟိုင်းရှီအချိန်(ည၉နာရီမှည၁၁နာရီ)အထိ နေ့တိုင်းလေ့ကျင့်ရမယ်လို့ ပြောလိုက်တယ်"
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.