ဖန်းချောင်ကျိုး၏အသံကြောင့် လေထုသည် အေးခဲသွားပုံရသည်။
လေထုတင်မကဘဲ ရောက်လာသော ရှစ်တိ ရှစ်မေ့များပါ အေးခဲသွားကြသည်။ သူတို့သည် ဂူပေါက်ဝတွင်ရပ်နေကြပြီး ဝင်သွားရမလို မဝင်ရမလိုဖြစ်နေကြလေသည်။ဝင်သွားရင်လည်း ရှက်စရာအခြေအနေကိုမြင်ရမယ် မဝင်ပဲနေပြန်ရင်လည်း ရှောင်ရှစ်တိက အာ့ရှစ်ရှုန်းကို ကိုယ်တုံးလုံးချွတ်ချင်နေတာကို ရပ်ကြည့်နေသလိုဖြစ်သွားမယ်။
T/N ရှစ်မေ့=ဆရာတူညီမလေး
နောက်ဆုံးတော့ ရဲရင့်ပုံရတဲ့ ရှစ်တိ တစ်ယောက်က၊ "ရှောင်ရှစ်တိကိုမြန်မြန်တားပြီး အာ့ရှစ်ရှုန်းကို ကယ်ကြ" ဟု အော်ပြောလေ၏
ဖန်းချောင်ကျိုးကို ကယ်ဆယ်လိုက်သောအခါတွင် သူသည် ပြင်းထန်သော တိုက်ပွဲကို ကြုံတွေ့ခဲ့ရပုံရပြီး ဆံပင်များ ဖရိုဖရဲဖြစ်နေကာ အင်္ကျီလည်ပင်းသည် အတန်ငယ်ဟနေ၏ မျက်နှာပေါ်တွင်လည်း ကိုက်ရာများရှိနေပုံရသည်။ ဤသည်မှာ ရွှယ်သမ်းရုန်သည် ဖန်းချောင်ကျိုး၏ကိုယ်ပေါ်မှမခွာခင် သူ၏မျက်နှာကို အပြင်းအထန်ကိုက်လိုက်ပုံပင်။
ဖန်းချောင်ကျိုးသည်သိုလှောင်လက်စွပ်ထဲက မှန်ကိုထုတ်ပြီး သူ့ပါးပြင်ပေါ်က သွားရာတွေကို ကြည့်လိုက်ကာ ထိချင်ပေမယ့်လည်း နာမှာကိုကြောက်နေသည်။
ရှောင်ရှစ်တိက ခွေးပေါက်များလား ကိုက်ရာကြီးက နာလွန်းတယ်...
"အာ့ရှစ်ရှုန်း အဆင်ပြေရဲ့လား" ဖန်းချောင်ကျိုးနာကျင်စွာ ညည်းညူနေချိန်မှာပဲ တစ်စုံတစ်ယောက် ရောက်လာလေသည်။
ဖန်းချောင်ကျိုးက ခေါင်းကိုမော့ပြီးကြည့်လိုက်သောအခါ ချောမောတဲ့မျက်နှာနဲ့ လူတစ်ယောက်ကို တွေ့လိုက်ရ၏။
သူ့ရှေ့တွင်ရှိသောသူသည် အနုပညာနှင့်အဂ္ဂိရတ်ပညာကိုကျွမ်းကျင်သော ဝူရှစ်တိ တုယွင်ရှီးပင်ဖြစ်သည်။ တုယွင်ရှီးသည် ရွှယ်သမ်းရုန်အား သဘောကျနေသောသူများထဲမှ တစ်ယောက်အပါအဝင်ဖြစ်သည်။ဒါပေမယ့် တုယွင်ရှီးနှင့်
ရွှယ်သမ်းရုန်အတွဲသည် ဖန်းချောင်ကျိုးနှင့်
ရွှယ်သမ်းရုန်အတွဲလောက် လူကြိုက်မများပေ။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.