ရွှယ်သမ်းရုန်၏အကြည့်ကိုမြင်သောအခါ ဖန်းချောင်ကျိုးမှာ အဝေးသို့သာအကြည့်လွှဲမိ၏။
"အခုနောက်ကျနေပြီ၊ အိမ်တော်မှာ သွားအိပ်ရအောင်"
ဖန်းချောင်ကျိုးမှာ လမ်းထလျှောက်ရန်ကြိုးစားသော်ငြား သူမတ်တပ်ရပ်လိုက်သည်နှင့် လက်ကောက်ဝတ်ကို ဆွဲခံလိုက်ရ၏။သူ၏ဘေးနားရှိနှင်းဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့်လူငယ်လေး၏အားဖြင့်ဆွဲလိုက်မှုကြောင့် နောက်တခဏတွင် ဖန်းချောင်ကျိုးမှာ ရထားလုံး၏နံရံနှင့် လူငယ်လေးကြားပိတ်မိနေလေသည်။
ယဲ့အိမ်တော်တံခါးဝရှိ မီးပုံးနီမှ အလင်းရောင်သည် ရထားလုံးပြတင်းပေါက်ကိုဖြတ်ကာ လင်းလက်နေသည်။ အလင်းတန်းတစ်ခုသည် လူငယ်လေး၏မျက်ဝန်းထက်သို့ ဖြာကျနေသည်မှာ နဂါးငွေ့တန်းတစ်ခု ပင်လယ်ထက်သို့ကျဆင်းလာသဖြင့် မရေမတွက်နိုင်သော ကြယ်လေးများ ပြန့်ကျဲကာ ရေပြင်ထက်၌ လွင့်မျောနေသလိုပင် တလက်လက်တောက်ပနေပေသည်။
"ရှစ်ရှုန်း" လူငယ်လေး၏အေးစက်စက်အသံမှာ သူနှင့်အလွန်ပင်နီးကပ်နေ၏။"ကျွန်တော့်ကို ကတိပေး ဟုတ်ပြီလား?"
ဖန်းချောင်ကျိုးသည် သူနှင့်လူငယ်လေးကြား နေရာလွတ် အနည်းငယ်ရရန် မိမိကိုယ်အား ရထားလုံးနံရံဆီသို့ဖိကပ်လိုက်၏။
တစ်ဖက်လူ၏စကားများကိုနားထောင်ကာ ခေတ္တမျှစဉ်းစားပြီးနောက် "တာအိုလက်တွဲဖော်လိုဟန်ဆောင်တာကပြသနာမရှိပါဘူး၊ ပြဿနာက မင်းကသူ့ကိုမွေးထုတ်ပေးလို့မှမရတာ"
သူပြောပြီးသည်နှင့် တပြိုင်နက် နှစ်ဦးစလုံး၏အကြည့်များသည် စုန့်လျန်ရီထံရောက်ရှိသွားကြ၏။
ယခုအချိန်တွင် စုန့်လျန်ရီ၏အမူအရာမှာ ကောင်းမွန်မနေပေ။သူသည် ရွှယ်သမ်းရုန်မှ ဖန်းချောင်ကျိုးအား ရထားလုံးနံရံဆီ တွန်းကပ်လိုက်သည်အား အံကြိတ်ကာကြည့်နေလေသည်။နှစ်ဦးစလုံးမှ သူ့အားကြည့်လာချိန်တွင် ဒေါသထွက်နေသဖြင့် မျက်နှာလွှဲလိုက်၏။
"ကလေးက ကျွန်တော်တို့ရဲ့ သွေးသားအရင်းဖြစ်ဖို့လိုလို့လား?" ခေတ္တအကြာတွင် ရွှယ်သမ်းရုန်၏တည်ငြိမ်သောအသံထွက်ပေါ်လာ၏ "သူ့ကို မွေးစားထားတာလည်းဖြစ်နိုင်တာပဲလေ"
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.