Chapter 37.1 (U)

2.2K 454 15
                                    

ဟုရှန်းသည် သူ၏လက်ထဲရှိ လက်ကိုင်ပုဝါကို ဖြည်းညှင်းစွာဆုပ်ကိုင်ပြီး ခေါင်းလှည့်ကာ ဖန်းချောင်ကျိုးအားတောင်းပန်လိုက်၏။" ဟုရှန်းကအသုံးမကျတဲ့သူပါ နဝမမြောက်ဦးရီးတော်ကိုစိတ်ပူစေမိတာ ဟုရှန်းအမှားပါ၊ ဦးရီးတော်ကမြို့တော်ကိုရောက်ပြီဆိုတော့ ဧကရာဇ်အရှင်ကိုအရင်ဆုံးသွားတွေ့ရမှာ ၊ ဦးရီးတော်အားလပ်တဲ့ရက်မှ ကျွန်တော်တောင်းပန်တဲ့အနေနဲ့ ပွဲတော်လုပ်ပေးပါမယ်"

ထိုစကားများကိုကြားသောအခါ ဖန်းချောင်ကျိုးမှာငြင်းဆိုလေ၏။"ပွဲတော်ကျင်းပဖို့မလိုပါဘူး သေမျိုးတွေရဲ့အစားအစာကိုစားတာ ငါ့အတွက်အားအင်မဖြစ်စေတဲ့အပြင် အန္တရာယ်ရှိနိုင်တယ်" ဟုရှန်းဦးဆောင်လာသည့်သူများအားလုံးဒူးထောက်နေသည်ကို ဖန်းချောင်ကျိုးမြင်သောအခါ " ဒီမှာရပ်မနေဘဲ အထဲကိုမြန်မြန်ဝင်ကြရအောင်"

ဟုရှန်းက ညင်သာစွာ ခေါင်းညိတ်ပြပြီး "ဒါဆို နဝမမြောက်ဦးရီးတော်၊ ဝေါယာဉ်ပေါ်တက်ပါ"

သူစကားပြောနေစဉ် လူအများအပြားသည် ဝေါယာဉ်ကို ထမ်းကာ ရှေ့သို့ ထွက်လာကြသည်။ ဖန်းချောင်ကျိုးသည် ဝေါယာဉ်သယ်ဆောင်ထားသည့်သူများကိုကြည့်ကာ ခေတ္တမျှစဉ်းစားပြီးနောက်  "မင်းတို့အားလုံး ဘာလို့ငါ့ရဲ့ဓားပျံကိုပဲမစီးကြတာလဲ ပိုမြန်တယ်လေ"

"ကောင်းပါပြီ" ဟုရှန်းသည် ဖန်းချောင်ကျိုး၏ အကြံပြုချက်ကို လက်ခံပြီး တစ်စုံတစ်ခုပြောချင်သော အခြားသူများကို ရပ်တန့်ရန် သူ၏လက်ကို မြှောက်လိုက်သည်။

သူ၏အကြံပြုချက်ကို တစ်ဖက်လူမှသဘောတူကြောင်းမြင်သောအခါ ဓားပျံအားပိုမိုကြီးမားလာစေရန်ပြုလုပ်လိုက်၏။ဖန်းးချောင်ကျိုးသည် ဓားပျံပေါ်သို့ဦးစွာတက်လိုက်ပြီး ဟုရှန်းအားကူညီပေးရန်လက်လှမ်းလိုက်၏။ဖန်းချောင်ကျိုးလက်လှမ်းလာသည်ကိုမြင်သော် ဟုရှန်း၏မျက်တောင်များလှုပ်ခတ်သွားပြီး သူ၏လက်အားဖန်းချောင်ကျိုးဆီကမ်းပေးလိုက်၏။

ဖန်းချောင်ကျိုးသည် ဟုရှန်း၏လက်ကိုဆွဲကာ တင်လိုက်ပြီးနောက် မတ်တပ်ရပ်ရအဆင်ပြေသည့်နေရာရှာခိုင်းလိုက်ပြီး နောက်တစ်ယောက်အားဆွဲတင်လက်လှမ်းလိုက်၏။ဖန်းချောင်ကျိုး၏ထိုသို့သောအပြုအမူကိုတွေ့သောအခါ ဟုရှန်း၏မျက်လုံးအရောင်များပြောင်းသွား၏။ထိုသူသည်ဟုရှန်း၏အကြည့်ကိုတွေ့သောအခါ နောက်ဆုတ်လိုက်ပြီး  "ကျေးဇူးတင်ပါတယ် နဝမမြောက်မင်းသား၊ ကျွန်တော်မျိုးတို့လိုအစေခံတွေက ဓားပျံကိုမစီးတော့ပါဘူး ဝေါယာဉ်ကိုထမ်းပြီးနောက်မှလိုက်လာခဲ့ပါမယ်"

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now