ကျောကို တိုက်ပေးမှာ?ဖန်းချောင်ကျိုးမှာ ရွှယ်သမ်းရုန်ကိုင်ထားသည့်ပုဝါကိုကြည့်ကာ လှမ်းယူလိုက်၏။ယခုပုံစံပြောင်းခြင်းနည်းသည် သူ၏ပထမဆုံးအကြိမ်ဖြစ်ပြီး ဘယ်အချိန်၌ ပုံစံအစစ်မှန်ပြန်ပေါ်မည်အား မသိချေ။အကယ်၍ ရွှယ်သမ်းရုန်သာ သိသွားပါက မည်သို့သောပြဿနာမျိုးဖြစ်လာမည်နည်း။
"ကိုယ့်ဘာသာလုပ်မယ်၊ ငါ့ကျောကို ငါ့ဘာသာတိုက်နိုင်ပါတယ်"
ဖန်းချောင်ကျိုး၏လက်ချောင်းများ ပုဝါ၏အနားစလေးအား ထိလိုက်သည်နှင့် ရွှယ်သမ်းရုန်မှာ နောက်ဆုတ်သွား၏။
ရွှယ်သမ်းရုန်၏အကြည့်သည် ဖန်းချောင်ကျိုးထံကျရောက်လာကာ "တစ်ယောက်ယောက်ရဲ့ကျောကိုတိုက်ပေးတာကပုံမှန်ပဲလေ၊ရှစ်ရှုန်းရဲ့ကိုယ်ကပိုသန့်သွားလိမ့်မယ် ၊ဟိုဘက်လှည့်လိုက်ပါ"
"ငါ့နောက်ကျောကို ငါ့ဘာသာတိုက်နိုင်ပါတယ်၊ ငါတကယ် မလို..." စကားမဆုံးသေးခင်မှာပင် ဖန်းချောင်ကျိုး၏ပုခုံးထက်သို့ လက်တစ်ဖက်ကျရောက်လာ၏။ ဖန်းချောင်ကျိုးမှာ အဝတ်အစား ဝတ်ဆင်ထားခြင်းမရှိသဖြင့် အသားချင်းထိတွေ့သွားတော့၏။
"တကယ်လား? ကျွန်တော်ကတော့မထင်ဘူးနော်" ရွှယ်သမ်းရုန်၏လက်မှာအောက်သို့ရွေ့လာသည်နှင့် သူ၏အသံသည်လည်း နိမ့်လာ၏။"ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာက သိပ်မသန့်သေးဘူး"
ထိုသို့ကြားသော် ဖန်းချောင်ကျိုးမှာ ခေါင်းလှည့်ကြည့်လိုက်ကာ "ဘယ်မှာလဲ?"
အမြဲတမ်းငါ့နောက်ကျောကိုအကြာကြီးတိုက်နေတာ၊ဘာလို့မပြောင်ဘဲနေမှာလဲ?
"ဒီနေရာမှာလေ"
ဖန်းချောင်ကျိုး၏နောက်ကျောအား လက်ကိုင်ပုဝါထိလိုက်သည်နှင့် တပြိုင်နက် လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားသော်လည်း သူ၏ကျောအား အကြိမ်များစွာတိုက်ပြီးနေလေပြီ။ဖန်းးချောင်ကျိုးမှာ စိတ်မသက်သာဖြစ်နေပြီး စည်ပိုင်းထဲမှ ခုန်ထွက်မိတော့မလိုပင်။
ငါသာကြိုသိခဲ့ရင် စုန့်လျန်ရီကို လက်ကိုင်ပုဝါဖြစ်အောင်ပြောင်းမိမှာမဟုတ်ဘူး ခုတော့ဒုက္ခရောက်ပြီ...
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Fiksi SejarahTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.