Chapter 17 (U)

2.9K 533 43
                                    

ရွှယ်သမ်းရုန်သည် ခေတ္တရပ်ကာ သန့်စင်မန္တန်အသုံးပြုပြီးနောက် သူ၏သိုလှောင်လက်စွပ်ထဲမှ ထိုင်ဖုံကိုထုတ်ကာ မြေကြီးပေါ်သို့တင်လိုက်၏။ထို့နောက် သူ၏လက်မောင်းထဲမှဖန်း‌ချောင်ကျိုးအား ကြည့်လိုက်ရာ ခေါင်းညိတ်ပြသဖြင့် အောက်သို့ချပေးလိုက်၏။

ဖန်းချောင်ကျိုးသည် ထိုင်ဖုံပေါ်ထိုင်ပြီးသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များအား တင်းကျပ်အောင်ဆွဲထားလေ၏။

ဖန်းချောင်ကျိုး၏ပုံစံလေးမှာ သနားချင့်စဖွယ်ကောင်းလှပေသည်။သူ၏ ရှည်လျားသောဆံနွယ်များသည် လီယီးရဲ့ကြောင့် ဖရိုဖရဲဖြစ်နေကာ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်သို့ ထိုဆံနွယ်များက ကျဆင်းနေလေ၏။အဝတ်အစားများကလည်းလျော့ရဲနေကာ ညစ်ပေနေသည်။သူ၏မျက်နှာတွင်လည်း သွေးစက်အနည်းငယ်ပေနေကာ ယခင်အချိန်က ပြုံးရွှင်နေခဲ့သောမျက်နှာလေးမှာ ယခုတော့ မကြည်မလင်မှုန်မှိုင်းနေတော့သည်။

ရွှယ်သမ်းရုန်သည် သူ၏နှုတ်ခမ်းများကိုတင်းတင်းစေ့၍ ထိုသူ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ဖန်းချောင်ကျိုး၏ကိုယ်ပေါ်ရှိ သွေးများအား သန့်စင်မန္တန်ဖြင့် ဖယ်ရှားပေးလေ၏။သို့သော်ငြား ဖန်းချောင်ကျိုး၏ အခြေအနေမှာ ကောင်းမွန်မလာချေ။

"အာ့ရှစ်ရှုန်း" ရွှယ်သမ်းရုန်သည် ဖန်းချောင်ကျိုးအား ညင်သာစွာခေါ်လိုက်သည်။

ဖန်းချောင်ကျိုးက ရုတ်တရက် မော့ကြည့်လိုက်၏။

ဖန်းချောင်ကျိုးသည် သူ့ရှေ့တွင် ရွှယ်သမ်းရုန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက် ဝမ်းနည်းလာသည်။ သူဘာကြောင့် မကျေမနပ်ဖြစ်ပြီး ဝမ်းနည်းရမှန်းမသိပေ။ ထို့ကြောင့် မျက်နှာသေဖြင့် မေးလိုက်လေသည်။

"ရှောင်ရှစ်တိ ငါမင်းကို ဖက်လို့ရမလား"

ပုံမှန်ဆိုလျှင် သူသည် ရွှယ်သမ်းရုန်နှင့် ဝေးဝေးနေနိုင်ရန်ဆုတောင်းပေလိမ့်မည်။သို့သော် ယခုအချိန် သူ့ဘေးတွင် ရွှယ်သမ်းရုန်တစ်ယောက်သာရှိသည်။

သူသည် လူသတ်မှုမြောက်သော ရုပ်ရှင်များကို ကြည့်ဖူးသော်လည်း ထိုအရာများသည် ရုပ်ရှင်ကားများသာ ဖြစ်သည်။ သူသည် လူတစ်ဦးကို နာကျင်အောင်လုပ်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးသော်လည်း အခုတော့ လူတစ်ဦးအား သွေးထွက်အောင်ပင် ဓားဖြင့်ထိုးမိခဲ့လေပြီ။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now