Chapter 47.1 (U)

1.7K 377 28
                                    

ရွှယ်သမ်းရုန်သည် မြေပြင်ပေါ်ရှိ ရေအစွန်းကွက်အား စိုက်ကြည့်နေစဉ် ဖန်းချောင်ကျိုးမှာ အခန်းထဲသို့လျှောက်လာ၏။ သူသည် ယခင်ကအတိုင်းပင် ဝတ်ဆင်ထားဆဲဖြစ်ပြီး သူ့အားမြင်သည်နှင့် ရွှယ်သမ်းရုန်မှာ မျက်မှောင်ကြုတ်နေလေသည်။

သို့သော် ဖန်းချောင်ကျိုးမှာ သူ၏ပုံစံက မသပ်မရပ်ဖြစ်နေသည်ကို သတိပြုမိပုံမပေါ်ပေ။သူသည် ရွှယ်သမ်းရုန်ဆီသို့ လျှောက်လာပြီး တံခါးပေါက်ဆီသို့ ဆွဲခေါ်သွားတော့၏။ "ရှောင်ရှစ်တိ၊ စုန့်လျန်ရီကို ကြည့်ပေးလို့ရမလား ၊ သူဖျားနေတယ်ထင်လို့ ခုနက ဆေးတိုက်လိုက်တာ နှာခေါင်းသွေးတွေလျှံလာတယ်၊ သူ့နှလုံးခုန်သံတွေကလည်း ကမောက်ကမဖြစ်နေပြီ"

ရွယ်သမ်းရုန်သည် ဖန်းချောင်ကျိုး၏ စကားကိုကြားသော် အရှိန်မြှင့်လိုက်ရုံသာမက သူ့အားအတင်းဆွဲကာ " ရှစ်ရှုန်း၊ အရင်က ဒီမှာ လက်ကိုင်ပုဝါနှစ်ထည်ရှိတာမဟုတ်လား၊ တစ်ထည်က ဘယ်ရောက်သွားတာလဲ"

လူငယ်လေးနှင့်အကြည့်ချင်းဆုံသောအခါ ဖန်းချောင်ကျိုးမှာ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး "ပျောက်သွားပြီ"

"ပျောက်သွားပြီ?" ရွှယ်သမ်းရုန်၏ မျက်လုံးထဲတွင် သံသယများပြည့်နေပြီး "ရှစ်ရှုန်း၊ ဘယ်နေရာမှာပျောက်သွားတာလဲ?"

ဖန်းချောင်ကျိုးမှာသက်ပြင်းချလိုက်ပြီး "အခု လက်ကိုင်ပုဝါအကြောင်းကို စိတ်ပူမနေပါနဲ့၊ စုန့်လျန်ရီကို ကူကြည့်ပေးဦး၊ ငါတို့ကုပေးလို့မရတော့ရင် သူ့ရဲ့အစေခံကိုပဲ ခေါ်လိုက်တော့မယ်"

"အဲ့ဒါဆိုလည်း ရှစ်ရှုန်းသူ့အစေခံကို အခုပဲခေါ်လိုက်တော့" ရွှယ်သမ်းရုန်မှာ တည်ငြိမ်စွာပြောလာ၏။

ဖန်းချောင်ကျိုး : "..."

ဒီအကျင့်မကောင်းတဲ့ကောင်လေးကတော့

"ဒီကိုလာ!" ဖန်းချောင်ကျိုးမှာ တင်းမာနေသောလေသံကို အသုံးပြုရန်မှတပါး ရွေးချယ်စရာမရှိပေ။ " သွားကြည့်လိုက်"

အဆုံးမှာတော့ ရွယ်သမ်းရုန်သည် စုန့်လျန်ရီ၏ အခြေအနေအား သွားကြည့်‌ရလေ၏။ကံကောင်းထောက်မစွာဖြင့် သိပ်၍ ကြီးကြီးမားမားမဖြစ်ပေ၊စုန့်လျန်ရီ၏နှာခေါင်းသွေးလျှံခြင်းမှာ ရပ်တန့်သွားပြီဖြစ်သော်လည်း သူသည် ဖန်းချောင်ကျိုးနှင့် ရွှယ်သမ်းရုန်အားမျက်နှာချင်းမဆိုင်ချင်သဖြင့် မိမိကိုယ်ကိုစောင်အောက်၌ မြှုပ်နှံထားလေသည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now