Chapter 19 (U)

2.8K 529 17
                                    

ဖန်းချောင်ကျိုးသည် အချိန်ကိုခန့်မှန်းကာ တည်းခိုခန်းသို့ ပြန်ရမည့်အချိန်ရောက်ပြီဟု ခံစားမိသောကြောင့် သူသည် မရပ်မနားပြောနေဆဲဖြစ်သော လီကျူးအား ခန္ဓာကိုယ်ထိန်းချုပ်မန္တန်စီရင်လိုက်၏။ထို့နောက် လီကျူး၏ ရွှေနက်ကြာပွတ်အား ထိုသူ၏ခန္ဓာကိုယ်ပေါ်သို့ ပြန်လည်ရစ်ပတ်‌ပေးလိုက်ပြီး "ကောင်းပြီ ငါသွားသင့်ပြီ"

လီကျူး၏ ကြောင်မျက်လုံးလေးများမှာ ပို၍ပင် ပြူးကျယ်သွားကာ "မင်း ဘယ်သွားမလို့လဲ"

"စိတ်မပူပါနဲ့။ ငါ မင်းရဲ့ မေမေလေးဖြစ်မှာ မဟုတ်ဘူး" ဖန်းချောင်ကျိုးသည် သူရောက်ရှိနေသည့် အကာအကွယ်၏ဖွဲ့စည်းပုံအားကြည့်ပြီးနောက် လီကျူး၏အကာအကွယ်အား ဖျက်စီးလိုက်၏။

လီယီးရဲ့ကိုအနိုင်မယူနိုင်သော်လည်း သူ၏ခွန်အားမှာ လီကျူးကိုချေမှုန်းရန် လုံလောက်သည်ထက်ပင် ပို၏။

"ထွက်သွားခွင့်မပေးဘူး ငါဒီမှာ စကားပြောလို့မပြီးသေးဘူး"လီကျူးစကားမဆုံးခင်မှာပင် သူ့ရှေ့ရှိလူမှာ ပျောက်ကွယ်သွားလေပြီ။သူသည် ဖန်းချောင်ကျိုး၏ခန္ဓာကိုယ်အားကိုက်ရန် ဒေါသတကြီးဖြင့် အံကိုကြိတ်လိုက်၏။

ဖန်းချောင်ကျိုးက တကယ်ကို ဒေါသထွက်စရာကောင်းတယ်...

ထိုအချိန်တွင် ဖန်းချောင်ကျိုးသည် တည်းခို‌ဆောင်သို့ အလျင်စလို ပြန်သွားခဲ့သည်။သို့သော် သူဝင်လိုက်သည်နှင့် တစ်စုံတစ်ယောက်က သူ့အား‌တွေ့သွားလေ၏။

"အာ့ရှစ်တိ၊ နောက်ဆုံးတော့ မင်းပြန်လာပြီ!"

သူ့အား ခေါ်လိုက်သည့်သူမှာ တာ့ရှစ်ရှုန်းပင် ဖြစ်သည်။

[တာ့ရှစ်ရှုန်း--အကြီးဆုံးဆရာတူအစ်ကိုကြီး]

တာ့ရှစ်ရှုန်းသည်ဖန်းချောင်ကျိုး၏ ပုခုံးများကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို အပေါ်အောက် စုန်ဆန်ကြည့်နေ၏။သူသည် ဖန်းချောင်ကျိုးကို လှည့်ပတ်ပြီး အထက်အောက် ကြည့်ပြန်သည်။ဒဏ်ရာတစ်ခုမှမတွေ့တော့သည့်အခါမှသာ "ဒီရက်တွေမှာ မင်း ဘယ်တွေရောက်နေတာလဲ?"

ဖန်းချောင်ကျိုးသည် ညည်းညူပြီး ဖြည်းညင်းစွာ ပြောလာ၏။"မတော်တဆမှု တစ်ချို့ ဖြစ်သွားလို့ပါ ဇာတ်လမ်းကတော့ ပြောရမှာ ရှည်တယ် ဒါနဲ့ တာ့ရှစ်ရှုန်း၊ ကျွန်တော်တို့ ထျန်းရွှိန်ကျုံးကို ဘယ်တော့ပြန်ရမှာလဲ"

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now