Chapter 32 (U)

2.5K 521 37
                                    

တစ်ဖက်လူကိုမြင်သောအခါ ဖန်းချောင်ကျိုးသည် ဘာမျှပင်မတုံ့ပြန်နိုင်ဘဲ မူးဝေလာ၏။

ယခုအချိန်တွင် တစ်ဖက်လူ၏မျက်နှာသည် သူ၏စိတ်ထဲ၌ ပေါ်လာ၏။

ကျုံးလီယွဲ့ရှီ၏ မျက်နှာသည် ထိုကဗျာနှင့် တကယ်ကို လိုက်ဖက်ပေသည်။

"လန်ယန်လို ထူးခြားသူ ကမ္ဘာပေါ်မှာ တခြားမရှိ..."

*

ကျုံးလီယွဲ့ရှီသည် အဖြူရောင်ကို ၀တ်ဆင်ထားပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူငယ်လေး၏ နံဘေးသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

ယခုအချိန်တွင် လူငယ်လေး၏ခါးပတ်သည်ပြေလျော့နေပြီး အပြင်ဝတ်ရုံသည်လည်း ကျားဖြူ၏ခြေသည်းများကြောင့် ဆုတ်ပြဲနေကာ သူ၏အဖြူရောင်အတွင်းဝတ်များပင် မြင်နေရလေသည်။ကျုံးလီယွဲ့ရှီကိုမြင်ပြီးနောက် ဖန်းချောင်ကျိုး၏မျက်လုံးများ ဝေဝါးလာ၏။တစ်ချိန်တည်းမှာပင် ဤရှက်စရာကောင်းသောအခြေအနေကြောင့် လူငယ်လေး၏ဖြူဖျော့သော မျက်နှာပင် နီရဲလာတော့သည်။

ဖန်းချောင်ကျိုးသည် သတိရှိရန်ကိုယ့်ကိုယ်ကိုဆွဲဆိတ်နေသော်လည်း ကျုံးလီယွဲ့ရှီနှင့် နီးကပ်လာလေလေ မူးဝေလာလေလေဖြစ်နေသောကြောင့် ထိုသူအားမကြည့်နိုင်တော့ပေ။

အထူးသဖြင့် သူယခုကြည့်မိသောအခါတွင် စိတ်ထဲ၌ တစ်ဖက်လူ၏ ပုံရိပ်ကိုပင် ပုံဖော်နိုင်သည်။

"ဖန်ချောင်ကျိုး" ကျုံးလီယွဲ့ရှီ၏ အေးစက်သောအသံသည် ပေါ်ထွက်လာ၏"မင်းဘာလုပ်နေတာလဲ?"

ကျုံးလီယွဲ့ရှီ၏မျက်နှာကိုမြင်ရခြင်းကပင် သူ့မှာမူးဝေနေပြီဖြစ်ရာ ယခု အသံပါကြားလိုက်ရခြင်းက အသေအချာကိုပင် တစ်ဖက်လူက ဖန်းချောင်ကျိုးအပေါ် နှစ်ထပ်ကွမ်းတိုက်ခိုက်လိုက်ခြင်းပင်။မူးဝေနေသောဖန်းချောင်ကျိုးသည် မျက်လုံးများကိုပိတ်ထားရန် အင်အားအလုံးစုံသုံးထားပြီး ပြန်လည်းမဖြေနိုင်ပေ။

"ဖန်းချောင်ကျိုး" ကျုံးလီယွဲ့ရှီ၏လေသံသည် သတိပေးနေသလိုပင်။

"ရှစ်... ရှစ်ကျူ၊ ကျွန်တော်... ကျွန်တော်တို့ ဘာမှ မလုပ်ခဲ့ပါဘူး" အထစ်ထစ်အငေါ့ငေါ့ပြန်မဖြေခင် ဖန်းချောင်ကျိုးမှာ သူ၏လျှာကိုသွေးထွက်အောင် ကိုက်လုနီးပါးဖြစ်နေလေသည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now