တိတ်ဆိတ်မှုအောက်ဝယ်
ဖန်းချောင်ကျိုးမှာ ရောက်လာသည့်သူအားမြင်လိုက်ရချိန်တွင် အပြစ်ရှိသလိုခံစားလိုက်ရ၏။မည်သည့်အကြောင်းအရင်းကြောင့် ယခုကဲ့သို့ခံစားရမှန်းလည်း သူကိုယ်တိုင်မသိချေ။တကယ်တမ်းတွင်လည်း မိမိ၌အပြစ်မရှိပါပေ။သို့သော် ရထားလုံးအပြင်ဘက်ရှိလူငယ်လေးအား ဒေါသထွက်အောင်လုပ်မိပါက သေခြင်းတရားနှင့်ဝေးကွာတော့မည်မဟုတ်ဆိုသည်အား မိမိ၏ဦးခေါင်းထက်မှ ဓားကပြောပြနေသလိုပင်။
ဖန်းချောင်ကျိုးသည် သက်ပြင်းဖျော့ဖျော့ချကာ သူ၏သွေးအား စုပ်ယူနေဆဲဖြစ်သော စုန့်လျန်ရီအား ဆွဲဖယ်ရန်ကြိုးစားလိုက်၏။ သို့သော်၊စုန့်လျန်ရီမှာ အိပ်ငိုက်နေသည်လား နတ်ဆိုးဝင်ပူးနေသည်လားမသဲကွဲပေ။ ဖန်းချောင်ကျိုး၏လည်ပင်းကို ပို၍ပင်တင်းကျပ်စွာဖက်ထားလေသည်။ ဖန်းချောင်ကျိုးအားသွေးစုပ်ခြင်းကို အနှောင့်အယှက်မပေးရန် သားရဲငယ်လေး၏ဟိန်းဟောက်သံကဲ့သို့ သတိပေးသံမျိုး စုန့်လျန်ရီ၏လည်ချောင်းမှထွက်ပေါ်လာလေသည်။
ဖန်းချောင်ကျိုးသည် ယခုအချိန်၌ စုန့်လျန်ရီ ၏သတိပေးချက်အား ဂရုမစိုက်နိုင်တော့ပေ။ သူ့အား အတင်းဆွဲဖယ်ကာ ကပ်လျက်ရှိထိုင်ခုံပေါ် တင်လိုက်ပြီး ထရန်ပြင်လိုက်၏။
သို့သော် သူရွှေ့သည်နှင့် တပြိုင်နက် ဦးခေါင်းထက်မှ ဓားသည် နောက်တခဏတွင် သူ၏ခြေထောက်များကြား၌ နေရာယူထားလေ၏။
ဖန်းချောင်ကျိုး: "..."
ဖန်းချောင်ကျိုးခမျာ မလှုပ်ရဲသဖြင့် အပြင်ဘက်မှလူငယ်လေး ရထားလုံးထဲသို့ဝင်လာသည်ကိုသာ ကြည့်နေလေသည်။
ရထားလုံးထဲသို့ဝင်ရောက်လာသောသူ၏ အသွင်အပြင်ကိုမြင်လိုက်ရသောအခါ ဟုရှန်းမှာ ခေတ္တမျှအံ့အားသင့်သွားပြီး "ဒီကသခင်လေးက..."
သူ၏စကားမဆုံးခင်မှာပင် မန္တန်စီရင်ခံလိုက်ရပြီး အသံပင်မထွက်နိုင်တော့ချေ။
နှင်းဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့်လူငယ်သည် ဟုရှန်းအား တစ်ချက်ပင်မကြည့်ဘဲ ဖန်းချောင်ကျိုးဆီသို့လျှောက်သွားလေသည်။သူ၏ဖီးနစ်မျက်ဝန်းများသည် သွေးထွက်နေဆဲဖြစ်သော ဖန်းချောင်ကျိုး၏ဒဏ်ရာကိုဦးစွာကြည့်ပြီးနောက် ဂနာမငြိမ်ဖြစ်ကာ ဖန်းချောင်ကျိုးကိုယ်ပေါ်ဖက်တက်နေသော စုန့်လျန်ရီအားကြည့်လာ၏။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.