Chapter 12 (U)

2.7K 515 15
                                    


လီယီးရဲ့၏မျက်ခုံးကြားရှိ နေရာလွတ်သည် တွန့်ချိုးသွားကာ ဖန်းချောင်ကျိုးကို အသံတိတ်မန္တန်ဖြင့်တားဆီးလိုက်လေသည်။

ဖန်းချောင်ကျိုး၏ပုံစံကိုကြည့်နေသော ကျင့်ကြံသူများသည် တစ်ခဏမျှကြက်သေသေသွား၏။သူတို့၏စိတ်ကူးထဲမှအလှလေးသည် နူးညံပြီး ကလူ၏မြှူ၏ပုံစံလေးဖြစ်နေရမည့်အစား  ကြမ်းပြင်ပေါ်ကို ပြုတ်ကျလုနီးပါး ဝါးလုံးကွဲရယ်မောနေလေသည်။

တိတ်ဆိတ်ငြိမ်သက်မှုအလယ် တစ်စုံတစ်ယောက်သည် ပါးစပ်ကို အလျင်စလို ဖွင့်ဟလိုက်သည်။

“အကြီးအကဲလီ၊ အကြီးအကဲရဲ့ ဒီအိမ်မွေးတိရစ္ဆာန်လေးဟာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ ဘယ်ကဝယ်ခဲ့တာလဲခင်ဗျာ"

ကျင့်ကြံရေးလောကတွင် သူတို့၏ဝိညာဥ်ဉာဏ်ပညာကို တိုးတက်စေနိုင်သောသားရဲများရှိသည်။၎င်းတို့အထဲတွင် ကျင့်ကြံသူများ၏ ထိန်းချုပ်ခြင်းကိုခံရသော သားရဲများလည်းရှိသည်။ထိုသားရဲများသည် ကျင့်ကြံဆင့်များတိုးတက်လာစေရန် ကူညီပေးနိုင်သောကြောင့် စီးပွားရေးအခွင့်အလမ်းများစွာလည်း ပေါ်ပေါက်လာသည်။ကျင့်ကြံသူများသည် နှစ်ရာနှင့်ချီ၍ အသက်ရှည်နိုင်ပြီး တချို့သောလူများသည် တာအိုအဖော်နှင့် မချည်နှောင်ချင်ကြပေ။ အကြောင်းမှာ တာအိုအဖော်ရှိခြင်းကြောင့် သူတို့၏ဘဝသည် တစ်ဦးနှင့်တစ်ဦး ဆက်စပ်နေပေလိမ့်မည်။ သို့သော် သူတို့သည် ထိုအရာအား မသန့်ရှင်းဟုထင်သောကြောင့် တာအိုအဖော်မရှာချင်ကြပေ။နောက်ဆုံးတွင်၊ ကျင့်ကြံသူများသည် လူသားပုံစံပြောင်းလဲနိုင်သော သားရဲများကိုသာ စိတ်ဝင်စားကြတော့သည်။

အချို့သော သားရဲများသည် လူသားပုံစံအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ၎င်းတို့၏ အသွင်အပြင်သည် အလွန်လှပလာမည်ဖြစ်သည်။ များသောအားဖြင့် ဤသားရဲမျိုးသည် မြင့်မားသော ကျင့်ကြံဆင့်မရှိပါက အဆုံးတွင် ၎င်းတို့သည်  ကျင့်ကြံသူများ၏  အိပ်ရာပေါ်မှ ကစားစရာလေးများသာဖြစ်လာကြပြီး  သူတို့အား --"အိမ်မွေးတိရစ္ဆာန်လေး"ဟုခေါ်ကြသည်။

ဖန်းချောင်ကျိုးသည် ထိုလူက သူ့အသားကို ထိသည့်အချိန် ယားကျိကျိခံစားချက်မှ မလွတ်မြောက်သေးပေ။ ထို့ကြောင့် ထိုစကားများကို ကြားလိုက်ရသော်လည်း မေးမြန်းသူမှာ မည်သူဖြစ်မှန်း မသိလိုက်ပေ။သူအနည်းငယ်တည်ငြိမ်သွားသည့်အခါမှ မေးသည့်သူမှာ စုန့်လျန်ရီဖြစ်ကြောင်းသိလိုက်ရသည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now