Chapter 3 (U)

3.7K 597 13
                                    


ဖန်းချောင်ကျိုးသည် စကားပြောနေရင်း သူ့ရှေ့က‌ကောင်လေး၏ အသက်ရှုသံက လေးလံလာတာကို တွေ့လိုက်ရသည်။ နှစ်ယောက်သားနီးကပ်‌နေသော အကွာအဝေးကြောင့် သူ့လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားသည့် တစ်ဖက်လူရဲ့လက်သည် တဖြည်းဖြည်းနှင့် နီရဲလာနေသည်ကို တွေ့လိုက်ရ၏။

ရွှယ်သမ်းရုန်သည် သူ့ကိုယ်သူ သွေးထွက်သံယိုဖြစ်အောင်လုပ်နေသည်။

သည်းမခံနိုင်တော့လောက်နာကျင်မှုကိုခံစားနေရသကဲ့သို့ပင်။

ဒီမှာရှိနေတာ ငါ့အတွက် အန္တရာယ်များလွန်းတယ်

ဤသို့တွေးမိသည်နှင့် ဖန်းချောင်ကျိုးသည် ရှက်ရွံ့စွာဖြင့် စတင်လိမ်ပြောလေ၏၊ "ရှောင်ရှစ်တိ၊ မင်း စကားမပြောချင်ဘူးလား၊ မင်းငါ့ကို စကား‌ပြောချင်စိတ်မရှိလို့လား ၊ ဒါမှမဟုတ် အာ့ရှစ်ရှုန်း ဒီမှာရှိနေတာ စိတ်အနှောက်အယှက်ဖြစ်စရာ‌ကောင်းတယ်လို့ ထင်နေတာမလား။ ငါဒီမှာရှိနေတာ မင်းအတွက်စိတ်တိုစရာကောင်းနေမှန်းသိပါတယ် ရှစ်ရှုန်းထွက်သွားပေးပါ့မယ် ။"

သုံးဆယ့်ခြောက်နည်းဗျူဟာက အကောင်းဆုံးပဲ!

T/N 36 strategies က အင်အားကြီးတဲ့ရန်သူကိုထိပ်တိုက်မရင်ဆိုင်ဘဲ ရန်သူရဲ့တခြားအားနည်းချက်တွေကို တိုက်ခိုက်တာကိုပြောတာပါ

ရွှယ်သမ်းရုန်သည် စကားတစ်လုံးမှမပြောပဲ မျက်လုံးများကိုဖြည်းညင်းစွာဖွင့်ပြီး သူ့ရှေ့မှတဖြည်းဖြည်းပျောက်ကွယ်သွားသည့်လူကိုသာ စိုက်ကြည့်နေလေသည်။ သိပ်မကြာခင်မှာပင် အပြင်ဘက်မှ အော်သံတစ်ခုကိုကြားလိုက်ရသည်။

အသံပိုင်ရှင်မှာတော့ ဖန်းချောင်ကျိုးပင်။

ခဏအကြာတွင် ဖန်းချောင်ကျိုး ဂူထဲသို့ ပြန်လည်ဝင်ရောက်လာသည်ကို သူတွေ့လိုက်ရသည်။

သူထွက်သွားသည့်အချိန်နှင့်မတူဘဲ ဖန်းချောင်ကျိုး သည် ဂူထဲသို့ထောနဲ့ ထော့နဲ့နှင့်ဝင်လာသည်။ ထိုအချိန်တွင် သူသည် အဆိပ်ပြင်းသော မြွေကိုက်ခံရပြီး အကိုက်ခံရသော ခြေထောက်သည် လျင်မြန်စွာ ထုံကျင်သွားကာ မြွေဆိုးကြီး ရုတ်တရက် ပေါ်လာမည်ကို စိုးရိမ်၍ ၎င်းကို ရှောင်ရန် ဂူကို ဦးစွာ ရှာရတော့သည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now