ရေပွက်သံများကြားရပြီး တစ်စက္ကန့်အတွင်းမှာပင် ရွှယ်သမ်းရုန်မှာ ဖန်းချောင်ကျိုးရှေ့သို့ လျှောက်လှမ်းလာနေပြီဖြစ်၏။
ရွှယ်သမ်းရုန်သည် ဖြူဖျော့နေသော ဖန်ချောင်ကျိုးကို ကြည့်ကာ သူ၏လက်အား တစ်ဖက်လူ၏ပခုံးပေါ်သို့ တင်လိုက်သည်။ထို့နောက် မန္တန်စီရင်ပြီး ဖန်းချောင်ကျိုးအား ရေထဲသို့တွန်းလိုက်၏။
ဤသို့ဖြင့် ဖန်းချောင်ကျိုးမှာ ရေထဲသို့နစ်မြှုပ်သွားတော့သည်။ အအေးဒဏ်ကြောင့် တစ်ကိုယ်လုံးတုန်ယင်နေပြီး မတ်တပ်ထရပ်ချင်သော်ငြား ရွှယ်သမ်းရုန်သည် သူ၏ပခုံးကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။
ရွှယ်သမ်းရုန်သည် ကိုယ်ကိုကိုင်းကာ သူ့အားကြည့်လာသည်။သူ၏ ဖြူဖျော့သောမျက်နှာထက်ဝယ် ရေစက်ကလေးများတွဲခိုနေကာ အေးစက်လှသောဖီးနစ်မျက်ဝန်းတစ်စုံသည် နောက်ထပ်အေးခဲနေသောရေကန်တစ်ခုနှင့်ပင်တူလှ၏။ "အာ့ရှစ်ရှုန်း လွန်ခဲ့တဲ့နှစ်တွေတုန်းက နည်းနည်းလေးတောင်မလေ့ကျင့်ခဲ့ဘူးလား"
သူထင်တာမှန်တယ်...
ဖန်းချောင်ကျိုးက အပြစ်ရှိသလို အပြုံးလေးပြုံးပြပြီး ခေါင်းကို မော့လိုက်၏။ သူ၏မျက်လုံးများမှာ အတော်လေး သနားစရာကောင်းပြီး “ရှောင်ရှစ်တိ အလျင်လိုတာမကောင်းဘူးလေ ငါတို့ဖြည်းဖြည်းချင်းပဲသွားကြတာပေါ့"
"မရဘူး..နှစ်ဝက်အတွင်းမှာ ရှုစ်ရှုန်း အခြေတည်ဝိညာဉ်အဆင့်ကို ချိုးဖျက်နိုင်အောင်လေ့ကျင့်ပေးဖို့ ရှစ်ဖူရဲ့အမိန့်ကိုလက်ခံပြီးပြီ အမြန်ဆုံးနည်းလမ်းက ဒီရေကန်ထဲမှာလေ့ကျင့်တာပဲ" ရွှယ်သမ်းရုန်၏လေသံများတွင် နူးညံ့သိမ်မွေ့မှုဟူ၍ စိုးစဉ်မျှမရှိပေ" အာ့ရှစ်ရှုန်းက ကျွန်တော့်စကားကိုနားမထောင်ဘူးဆိုရင် ကျွန်တော့်ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေကို သုံးရတော့မှာပဲ"
ထိုစကား၏အဓိပ္ပာယ်မှာ-
စကားနဲ့ပြောနေတုန်း နာခံရင်ကောင်းမယ်...
ငါးဆားနယ်လေးဖန်းမှာထိတ်လန့်သွား၏။ရှောင်ရှစ်တိက သူ၏စာအုပ်များနှင့်မုန့်များကို မီးရှို့ပစ်မည်အား သူတကယ်ကြောက်ပါသည်။သူကဤနေရာ၌ အချိန်တစ်ခုထိနေရဦးမည်။ထိုအရာများမရှိပါက သူသေလိမ့်မည်။အိပ်စက်ခြင်းမှလွဲ၍ ထိုအရာများမှာ သူ့အတွက်ကျန်ရှိသောအပန်းဖြေစရာလေးများပင်။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.