Chapter 41 (U)

2.2K 422 21
                                    

ဖန်းချောင်ကျိုးသည် ခေတ္တမျှ အံ့အားသင့်သွား၏။ ထို့နောက် တစ်စုံတစ်ခုရိပ်မိသွားသဖြင့် ထထိုင်လိုက်ကာ သူ့ရှေ့ရှိ ကလေးငယ်လေးအား မယုံနိုင်စွာကြည့်ရင်း "စုန့်လျန်ရီ?"

သူ၏ရုတ်တရက်ထထိုင်လိုက်ခြင်းကြောင့် ကလေးငယ်၏ ရိုက်ချက်မှာ လေကိုသာထိသွားလေ၏။

ကလေးငယ်သည် ဖန်းချောင်ကျိုးအား စိုက်ကြည့်ပြီး ခြေဖျားထောက်ကာ ကုတင်ပေါ်တက်ရန် ကြိုးစားတော့သည်။ကုတင်ပေါ်သို့တွယ်တက်နေစဉ်မှာပင် ဖန်းချောင်ကျိုးကို ထပ်မံရိုက်ပြန်သည်။ သို့သော်လည်း ဟန်ချက်မထိန်းနိုင်သဖြင့် နောက်သို့လန်ကျသွားလေ၏။

ရုတ်တရက်ဖြစ်သွားသောကြောင့် ဖန်းချောင်ကျိုးပင် အချိန်မီမတုံ့ပြန်လိုက်နိုင်ပေ။ ကလေးငယ်၏ ငိုသံကြားသောအခါ ဖန်းချောင်ကျိုးမှာ ဝါးလုံးကွဲထရယ်လေသည်။

တကယ်ရယ်ရတယ်...

စုန့်လျန်ရီအသေးလေးမှာ ဤမျှလောက်ကြောင်တောင်တောင်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

ဖန်းချောင်ကျိုး၏ရယ်သံကိုကြားသော် ကလေးငယ်၏ ငိုသံမှာ ရုတ်တရက်ရပ်သွား၏။

ဖန်းချောင်ကျိုးသည် မရယ်မိအောင် ထိန်းချုပ်ရင်း စောင်ကိုမပြီး ကုတင်ပေါ်မှဆင်းလိုက်၏။ပြီးနောက် ကြမ်းပြင်ပေါ်တွင် လဲနေသော ကလေးငယ်အား ကောက်ချီလိုက်သည်။

စုန့်လျန်ရီပြုတ်ကျသွားချိန်တွင် ခေါင်းကိုထိမိသွားသဖြင့် မျက်ရည်များကျဆင်းလာတော့သည်။သို့သော် ဖန်းချောင်ကျိုးကိုမြင်လိုက်သည်နှင့် သူ၏မျက်ရည်စများကို လက်ဖြင့်သုတ်လိုက်၏။

စုန့်လျန်ရီကိုကူညီပြီးနောက် ဖန်းချောင်ကျိုးသည် စားပွဲဆီသို့ လှမ်းကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် ရေဇလုံမှာ ဗလာဖြစ်နေသည်။

နာရီအနည်းငယ်ကြာအောင် ရေစိမ်ထားသည့် ရုပ်သေးရုပ်သည် လူသားအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ဖန်းချောင်ကျိုးသည် ဘေးတွင်ရှိနေသော စုန့်လျန်ရီကို ကြည့်လိုက်၏။ စုန့်လျန်ရီသည် ယမန်နေ့ကအတိုင်း ၀တ်စုံအသေးစားလေးကို ၀တ်ဆင်ထားသည့် နှစ်နှစ် သို့မဟုတ် သုံးနှစ်အရွယ် ကလေးတစ်ဦးနှင့်တူနေသည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now