Chapter 34 (U)

2.3K 490 36
                                    

လှပသောကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် ကျုံးလီယွဲ့ရှီအပါအဝင် အရာအားလုံးသည် အဖြူရောင်များသာဖြစ်သည်။

ကျုံးလီယွဲ့ရှီသည် အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး ကြောင်ဖြူတစ်ကောင်သည် သူ၏ရင်ခွင်ထဲတွင် ထိုင်နေသည်။ ကျုံးလီယွဲ့ရှီထံ၌ အရောင်ရှိသည့်တစ်ခုတည်းသောအရာမှာ ကျီးကန်းအတောင်များကဲ့သို့ နက်မှောင်ရှည်လျားလှသော ဆံပင်ဖြစ်သည်။

ဖန်းချောင်ကျိုးသည် ကျုံးလီယွဲ့ရှီ၏မျက်နှာအားမြင်သည်နှင့် ချက်ချင်းပင် ခေါင်းငုံ့ကာ "ရှစ်ကျူ"

"အနားကိုလာခဲ့" ကုတင်ပေါ်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ဖန်းချောင်ကျိုးသည် အံကြိတ်ကာ ရှေ့သို့ ခြေလှမ်းသုံးလှမ်းခန့်လှမ်းလိုက်ပြီးနောက် ရပ်လိုက်၏။

ကျုံးလီယွဲ့ရှီသည် သူနှင့် ဖန်းချောင်ကျိုးကြား အကွာအဝေးကို သတိပြုမိပြီး မျက်လုံးများထဲတွင် မကျေနပ်မှုအရိပ်အယောင်များ ပေါ်လာကာ ထပ်မံပြောလာ၏ "ထပ်တိုးလာခဲ့"

ခေတ္တအကြာတွင် လိပ်တစ်ကောင်ကဲ့သို့ နှေးကွေးစွာရွေ့လျားနေသော လူငယ်လေးအား လှမ်းမြင်လိုက်ရသည်။

သူ့ခြေလှမ်းတွေက ဘယ်လောက်တောင်သေးနေတာလဲ?နန်းတွင်းထဲက အမျိုးသမီးထက်တောင်သေးဦးမယ်

"ဆက်လျှောက်လာပါ" ကျုံးလီယွဲ့ရှီက ထပ်ပြောသည်။

ဖန်းချောင်ကျိုးသည် တခဏမျှ တုံ့ဆိုင်းသွားပြီး ရှေ့သို့ နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်ပြန်သည်။

စိတ်ရှည်သည်းခံနိုင်ခြင်းများကုန်ဆုံးသွားသော ကျုံးလီယွဲ့ရှီသည် ကြောင်ဖြူပေါ်တင်ထားသောသူ၏လက်ကိုရုတ်သိမ်းလိုက်၏။ဖန်းချောင်ကျိုး သည် ရုတ်တရက် သူ့ကိုယ်သူမထိန်းချုပ်နိုင်ဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မရှိ ရှေ့သို့ တိုးသွား၏။အကယ်၍ သူသည် ကုတင်ပေါ်၌ ထောက်ထားနိုင်ရန် သူ၏လက်ကို လျင်မြန်စွာမထုတ်မိပါက ကျုံးလီယွဲ့ရှီပေါ်သို့ လဲကျသွားပေလိမ့်မည်။

သူအခုမရဏတံခါးဝကနေကပ်သီးလေးလွတ်လာတာလား?

ဖန်းချောင်ကျိုးသည် သက်ပြင်းတစ်ချက်ကို ရှုရှိုက်ရင်း ကြောက်လန့်မှုအား ခံစားလိုက်ရ၏။ ကျုံးလီယွဲ့ရှီက သူ၏နာမည်က်ိုခေါ်သံအားကြားသောအခါ သူမတ်တပ်ထရပ်တော့မည်ဖြစ်သည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now