လီယီးရဲ့သည် ရွှယ်သမ်းရုန်၏ စကားကိုကြားသော်လည်း သရော်ပြုံးပြုံးကာ ကြက်သေသေနေသော ဖန်းချောင်ကျိုး၏ မျက်နှာအား ဆွဲညှစ်လိုက်လေသည်။
သူ့ရှေ့ရှိမျက်နှာလေးမှာ ရွှယ်သမ်းရုန်လောက် မကောင်းသော်ငြား ကြည့်ကောင်းသည်ဟု ယူဆ၍ရလေသည်။အရေးကြီးဆုံးမှာ ထိုကောင်လေးက နူးညံ့ပြီး သူ့အား အမှိုက်တစ်ကောင်လို ကြည့်နေသော ရွှယ်သမ်းရုန်နှင့် မတူပေ။
သူ၏မျက်နှာက နှစ်ကြိမ်မျှအညှစ်ခံရပြီးနောက် ဖန်းချောင်ကျိုးသည် သတိပြန်ဝင်လာပြီး ထိတ်လန့်ကာ စကားများလည်း ထစ်နေ၏ " မဟုတ်ဘူး...မဟုတ်ဘူး..ဘာလျော်ကြေးလဲ?"
သူ၏ဗလာကျင်းနေသောအကြည့်ကို မြင်လိုက်ရသည့် လီယီးရဲ့မှာ မရယ်ဘဲမနေနိုင်ပေ "မင်းပဲ မင်းရဲ့ ညီလေးကို လွှတ်ပေးပြီး မင်းကိုပဲ ထိပါဆို...အခုမင်းရဲ့ ရှောင်ရှစ်တိကို ငါလွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ"
ဖန်းချောင်ကျိုးသည် သူ၏မျက်နှာအား ညှစ်နေသော လီယီးရဲ့၏လက်အားရှောင်လိုက်သည်။သူ၏စိတ်များကလည်းရှုပ်ထွေးနေကာ ဘာပြောရမည်မှန်းမသိတော့ချေ။
ဇာတ်ကွက်က ဒီလိုမျိုးကြီး ပြောင်းသွားတာလား?လီယီးရဲ့က ရွှယ်သမ်းရုန်ကိုချစ်ဖို့ အတင်းအကြပ်လုပ်သင့်တာမဟုတ်ဘူးလား?ဖြစ်နိုင်တာက...မူရင်းစာအုပ်ကို ရေးတဲ့သူက ငါရှောင်ရှစ်တိကို ရွှေရောင်ပုစဉ်းရင်ကွဲဝတ်စုံကို ပေးလိုက်တော့ မူရင်းဇာတ်ကြောင်းအတိုင်းမဖြစ်တော့လို့ ငါ့ကို ရွှယ်သမ်းရုန်အစား လုပ်ခိုင်းစေချင်တာလား...
မဟုတ်ဘူး!
အမျိုးကောင်းသားတစ်ယောက်က အောက်မှာနေရမယ့်အစား အသေပဲခံလိုက်မယ်..
ဖန်းချောင်ကျိုးသည် သူ၏မျက်လုံးများအား အနည်းငယ်ပြူးလိုက်ကာ နတ်ဆိုးအရှင်အား ဟန့်တားနိုင်ရန် ကြိုးစားနေလသည်။"ဂိုဏ်းချုပ်လီ ကျုပ်ရဲ့ ရှောင်ရှစ်တိကို အတတ်နိုင်ဆုံး မြန်မြန်လွှတ်ပေးဖို့အကြံပြုချင်တယ် မဟုတ်ရင် ခင်ဗျားနောင်တရလိမ့်မယ်"

YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.