ကျင့်ကြံရခြင်းသည် ငြီးငွေ့ဖွယ်ကောင်းပြီး စောစောထရခြင်းသည် နာကျင်စရာကောင်း၏။ဖန်းချောင်ကျိုးသည် တစ်လကျော်ကြာ လေ့ကျင့်ပြီးနောက် ရေကန်ထဲသို့ဆင်းရသည်မှာ ပထမဆုံးအကြိမ်ကလောက် မနာကျင်သော်ငြား ခိုက်ခိုက်တုန်ဆဲပင်။
လေ့ကျင့်ပြီးသည်နှင့် သူ၏မြေခွေးသားမွေးဝတ်ရုံကို ခန္ဓာကိုယ်တွင် ချက်ချင်းခြုံလိုက်ပြီး နှင်းဖြူရောင်ဝတ်စုံတစ်လွှာတည်းကိုသာ ဝတ်ဆင်ထားသော သူ၏ ရှောင်ရှစ်တိအားကြည့်လိုက်၏။
"ရှောင်ရှစ်တိ မင်းဒါလေးကိုဝတ်လိုက်တာပိုကောင်းမယ်"
ဖန်းချောင်ကျိုးသည် သူနှင့်ဆင်တူဖြစ်သည့် အနီရောင်မြေခွေးသားမွေးဝတ်ရုံကို ရွှယ်သမ်းရုန်ကို လှမ်းပေးကာ ထိုသူအားဝတ်စေချင်၏။
ရွှယ်သမ်းရုန်သည် ဖန်းချောင်ကျိုး၏ စကားများကိုပြန်မဖြေဘဲ ရှေ့သို့ဆက်လျှောက်သွား၏။ဖန်းချောင်ကျိုးသည် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ပြီး မြေခွေးသားမွေးကိုချကာ နောက်မှလိုက်သွားလေသည်။
ဖန်းချောင်ကျိုးသည် ရွှယ်သမ်းရုန်နောက်သို့လိုက်သွားရင်း လမ်းတစ်ဝက်မှာပင် လူတစ်ယောက်အား တွေ့လိုက်ရ၏။
ထိုလူကိုမြင်သောအခါ ဖန်းချောင်ကျိုး၏မျက်လုံးများက ချက်ချင်းပင်တောက်ပလာ၏။
"တာ့ရှစ်ရှုန်း!"
တာ့ရှစ်ရှုန်းသည် ဖန်းချောင်ကျိုးကသူ့ဆီပြေးလာနေသည်ကိုမြင်သောအခါ နောက်ပြန်ဆုတ်လိုက်၏။အမှန်အတိုင်းပြောရမည်ဆိုလျှင် သူ့ကိုမြင်သည်နှင့် ဤမျှစိတ်အားထက်သန်ကာတက်ကြွနေသည်အား ဖန်းချောင်ကျိုးငယ်စဉ်ကတည်းက တစ်ခါမျှမမြင်ဖူးပေ။
ဖန်းချောင်ကျိုးသည် တာ့ရှစ်ရှုန်းဆီအမြန်ပြေးသွားပြီး ဖက်လိုက်ကာ "တာ့ရှစ်ရှုန်း နောက်ဆုံးတော့ဒီကိုရောက်လာပြီပဲ"
ဝူးဝူး သူဒီမှာ စိတ်သောကရောက်စရာအချိန်တွေကိုဖြတ်သန်းနေရတာ ၊တာ့ရှစ်ရှုန်းက သူ့ကိုကယ်တင်ပေးဖို့ရောက်လာတာမလား?
ဖန်းချောင်ကျိုးဖက်လိုက်ခြင်းကြောင့် တာ့ရှစ်ရှုန်းသည်နောက်သို့ယိုင်သွားလေ၏။အံအားသင့်ကာ ပျော်ရွှင်နေသော သူ၏ရှစ်တိ၏ကျောလေးကိုပုတ်ကာ"ဘာလို့ဒီလောက်ထိ စိတ်လှုပ်ရှားနေတာတုန်း?ငယ်ငယ်တုန်းက ရှစ်ဖူက ငါ့ကို ဒီလိုထားတာနဲ့တူတူပဲလေ"
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.