ဖန်းချောင်ကျိုးမှာ နာကျင်မှုကြောင့် ထိတ်လန့်စွာဖြင့် မျက်လုံးဖွင့်လိုက်သောအခါ ဖီးနစ်မျက်ဝန်းများအား တွေ့လိုက်ရ၏။ ထိုဖီးနစ်မျက်ဝန်းများ၏ မျက်တောင်များမှာ လိပ်ပြာတောင်ပံကဲ့သို့ ရှည်လျားထူထဲကာ တကယ်ကို လှပပေသည်။ မျက်လုံးထောင့်လေးများက အထက်သို့ကော့နေသည်မှာ ပန်းချီစုတ်ချက်များဖြင့် ပုံဖော်ထားသယောင်။ ခေတ္တကြာသောအခါဖီးနစ်မျက်ဝန်းပိုင်ရှင်မှာ သူ့အားမကြည့်ဘဲ ပွေ့ဖက်ကာ ဘေးသို့ အမြန်လှည့်လိုက်သည်။
နှစ်ဦးသားလှိမ့်ထွက်သွားသည်နှင့် ကုတင်မှာ ပေါက်ကွဲသွားတော့သည်။
ပေါက်ကွဲမှုအား ရှောင်ပြီးချိန်တွင် ရင်ခွင်ထဲရှိ ဖန်းချောင်ကျိုးမှာ နိုးနေပြီဖြစ်ကြောင်း ဖီးနစ်မျက်ဝန်းပိုင်ရှင်က သိလိုက်ရ၏။ထိုအချိန်တွင် သူ၏ နှင်းကဲ့သို့ဖြူသောမျက်နှာသည် အနည်းငယ်နီလာပြီး မျက်လုံးများတွင်လည်း ထိတ်လန့်မှုများ ပေါ်လာလေသည်။ သို့သော် အလွန်လျင်မြန်စွာ ပုံမှန်ပြန်ဖြစ်သွားပြီး လက်တစ်ဖက်ဖြင့် တိုက်ခိုက်မှုကို တားဆီးကာ ကျန်တစ်ဖက်က ဖန်းချောင်ကျိုးအား ထိန်းပေးထား၏။
ဖန်းချောင်ကျိုးသည် မိန်းမောတွေဝေနေကာ ဘာတွေဖြစ်နေသည်မှန်း မသိပေ။သူသည် မှင်သက်စွာဖြင့် ထထိုင်ကာ မနီးမဝေးတွင်ရှိနေသော လီယီးရဲ့အား မှုန်မှိုင်းစွာကြည့်ပြီးနောက် သူ၏ နောက်တွင် မန္တန်စီရင်နေသော ရွှယ်သမ်းရုန်အား လှည့်ကြည့်လိုက်ပြန်သည်။ ထို့နောက်တွင် တစ်ဖန်ပြန်၍ တွေဝေနေတော့သည်။
ဖန်းချောင်ကျိုးမှာ နာကျင်မှုကြောင့် လိုအင်ဆန္ဒဖယောင်းတိုင်၏ ထိန်းချုပ်မှုမှ ရုန်းထွက်နိုင်ခဲ့သော်လည်းသေရည်အမြောက်အမြား သောက်ထားရသေး၏။သူ၏ဘေးနားရှိ ကျယ်လောင်စွာတိုက်ခိုက်နေသံများကြောင့်သာမဟုတ်ပါက ဆက်လက်၍ အိပ်မောကျနေဦးမည်ဖြစ်သည်။
အဆုံးတွင်တော့ ရွှယ်သမ်းရုန်မှာ ငယ်ရွယ်သေးကာ ဖန်းချောင်ကျိုးကိုလည်း ကာကွယ်ပေးထားရသေး၏။ဤသို့ဖြင့် သူသည် ရှုံးနိမ့်သွားကာ လီယီးရဲ့၏ အမတကြိုးဖြင့် ချည်နှောင်ခံလိုက်ရတော့၏။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.