မှော်ဆေးလုံးသုံးလုံးစားပြီးနောက် ဖန်းချောင်ကျိုးသည် ရုတ်တရက် တွေးမိ၏။
လီယီးရဲ့၏ကျောက်စိမ်းချောင်းက မည့်သည့်သေတ္တာ၌ရှိသည်ကို သူဘာကြောင့်စိုးရိမ်နေရပါသနည်း။
ဘူးကိုမဖွင့်ဘဲ မနက်ဖြန်ကျရင် လွှင့်ပစ်လိုက်မယ်
ထိုကဲ့သို့တွေးပြီး ဖန်းချောင်ကျိုးသည် သေတ္တာကို ကုတင်အောက်တွင် ထားလိုက်ပြီး တုယွင်ရှီးပေးထားသော ကျောက်စိမ်းပုလင်းကို ခေါင်းအုံးဘေးတွင်ထားကာ အိပ်လိုက်၏။
ဝူရှစ်တိရဲ့ မှော်ဆေးလုံးက အရမ်းအရသာရှိတယ်၊ မနက်ဖြန်အိပ်ရာထတဲ့အခါ နောက်တစ်လုံးထပ်စားရမယ်
သို့သော် အိပ်ပျော်သွားသည်နှင့် ဖန်းချောင်ကျိုး သည် ဖော်မပြနိုင်သော အပူများ မြင့်တက်လာသည်ကို ခံစားလိုက်ရပြီး အိပ်မပျော်နိုင်လောက်အောင် ပူလာသည်။ မျက်လုံးကို ရုတ်တရက်ဖွင့်ကာ အပေါ်ကို ခဏလောက် စိုက်ကြည့်ပြီးနောက် စောင်ကို မပြီး အတွင်းထဲသို့ကြည့်လိုက်၏။
စောင်အောက်တွင် မှောင်နေပြီး ဘာမှ သဲသဲကွဲကွဲ မမြင်ရသော်လည်း သူ၏အရာက ထောင်မတ်လာသည်ကို ခံစားမိ၏။
T/N တုတုကတော့ လုပ်ချလိုက်ပါပြီရှင်ಠ◡ಠ
ဖန်းချောင်ကျိုးသည် ယခုလိုဖြစ်လာသည်အား ထူးဆန်းသည်ဟု ထင်မိသော်လည်း ယောက်ျားတစ်ယောက်အနေဖြင့် သိပ်ပြီးများများစားစား မစဉ်းစားမိပေ။သူသည် လိုက်ကာဘက်သို့ကြည့်ရန်ခေါင်းကို လှည့်လိုက်၏။အရာအားလုံးတိတ်ဆိတ်နေသဖြင့် သူ၏လက်ကို စောင်အောက်ထဲသို့ တိတ်တိတ်ကလေးထည့်လိုက်၏။
ရိုးရိုးသားသားပြောရရင် ဒါက စိတ်လှုပ်ရှားစရာကောင်းတာပဲ
ဖန်းချောင်ကျိုးသည် ပေါ့ပေါ့ပါးပါးတွေးလိုက်သည်။
အမွှေးတိုင်တစ်ချောင်းစာ အချိန်ကုန်ပြီးနောက် ဖန်းချောင်ကျိုးမှာ ငိုချင်လာလေပြီ။
စိတ်လှုပ်ရှားလွန်းလို့ မထုတ်လွှတ်နိုင်ဘူး
ထိုအပူသည် နည်းနည်းချင်းမှသည် တဖြည်းဖြည်းပျံ့နှံ့လာ၏။ဖန်းချောင်ကျိုးသည် မိမိမှာ မီးဖိုပေါ်တွင် ဟိုလှိမ့်ဒီလှိမ့် အကင်ခံနေရသော ငါးတစ်ကောင်လို ခံစားလာရ၏။

YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.