ဖန်းချောင်ကျိုးသည် ရွှယ်သမ်းရုန်မှလွဲ၍ ရွှေရောင်ပုစဉ်းရင်ကွဲဝတ်စုံနှင့် ပိုသင့်တော်သောပိုင်ရှင်မရှိဟုထင်မိသည်။ နောက်ဆုံးတော့လည်း၊ စာအုပ်ထဲတွင် ရွှယ်သမ်းရုန်၏ အဝတ်အစားများကို ချွတ်ချင်သည့် ယောက်ျားတွေအများကြီးရှိနေသည်ပင်။
“ရှောင်ရှစ်တိ၊ ဒီဝတ်စုံကခြင်မကိုက်အောင် ကာကွယ်ပေးတဲ့အပြင် တခြား …” ဖန်းချောင်ကျိုးက ရွှယ်သမ်းရုန်ကို တစ်ချက်ကြည့်လိုက်သည်။ဤမျှနီးကပ်လှသောအကွာအဝေးမှကြည့်လျှင်ပင် အနှီလူသားသည် အလွန်ကိုလှပလွန်းလေသည်။"ရှောင်ရှစ်တိကဒီဝတ်စုံကိုဝတ်ထားရင် မင်းကိုယ်တိုင်ကပဲ ဒါကိုချွတ်နိုင်တယ်၊ တခြားဘယ်သူမှ မချွတ်နိုင်ဘူး ကမ္ဘာပေါ်က မှော်လက်နက် အများစုကို လုယူသွားနိုင်တယ် ဒါပေမယ့် ဒီဝတ်စုံကို ရှောင်ရှစ်တိက လက်ဆောင်အဖြစ်ပေးတာ ဒါမှမဟုတ် မင်းသေသွားမှပဲ ဒီဝတ်စုံကို တခြားလူကယူနိုင်တာ"
ဖန်းချောင်ကျိုးသည် ကျင်းချန်ရီ၏ လုပ်ဆောင်ချက်များကို ဝေ့ဝိုက်ကာရှင်းပြနေလေသည်။ ။ ထိုစကားများကိုကြားသောအခါ ရွှယ်သမ်းရုန်သည် ကျင်းချန်ရီကိုထိရန် သူ့လက်ကို ဆန့်တန်းလာသည်။ သူ၏လက်ချောင်းများသည် အဖြူရောင်နက်ဖရိုက်ကျောက်စိမ်းတုံးကဲ့သို့ ဖြူဖွေးနေသဖြင့် ကျင်းချန်ရီကို ထိလိုက်သောအခါ ရွှယ်သမ်းရုန်၏လက်များကပို၍ဖြူဥနေသည်လား ကျင်းချန်ရီဝတ်စုံကပဲပိုမိုကောင်းမွန်နေသလားဆိုတာ ခွဲခြားသိနိုင်မည်မဟုတ်ပေ။
T/N နက်ဖရိုက်ကျောက်စိမ်းများကို ၁၈ ရာစုအစောပိုင်းကာလများ၌ တရုတ်လူများများက စတင်တွေ့ရှိခဲ့ကြပြီး နတ်ဘုရား၏ လက်ဆောင်မွန် “Yu” ဟု ခေါ်ဆိုကြပါသည်။ ချမ်းသာကြွယ်ဝခြင်းနှင့် ကောင်းခြင်း မင်္ဂလာများအား အခါမလပ် ပြည့်စုံနိုင်စေသည်ဟူသော ခိုင်မာသော ယုံကြည်မှုများကြောင့်နက်ဖရိုက်ကျောက်စိမ်းရုပ်ထုများအား သွားလေရာ ယူဆောင်သွားတတ်ကြပါသည်။
ရွှယ်သမ်းရုန်သည် တစ်ကြိမ်သာထိပြီး လက်ပြန်ရုတ်သွားခဲ့သည်။
“အာ့ရှစ်ရှုန်းက ဘာလို့ ဒီလောက် အဖိုးတန်တဲ့ ပစ္စည်းကို ပေးရတာလဲ” ဟု ရွှယ်သမ်းရုန်ကတိုးတိုးလေး မေးလာသည်။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.