လူငယ်၏အသွင်အပြင်သည် ကျစ်လျစ်သွယ်လျပြီး ဝတ်ရုံတစ်လွှာတည်းကိုသာ ၀တ်ဆင်ထားသည်။ ခါတိုင်းနှင့်မတူဘဲ ကျီချွင်းကျိုးမှာရှိနေသော ရွှယ်သမ်းရုန်သည် ပို၍ ပေါ့ပေါ့ပါးပါး ဖြစ်နေသည်မှာ ထင်ရှားသည်။ ရှည်လျားသော ဆံပင်များကို အဝတ်စဖြင့် ရိုးရှင်းစွာ၊ သပ်သပ်ရပ်ရပ် ချည်နှောင်ထားသည်မှာ ညအမှောင်ထဲတွင် ပွင့်နေသော epiphyllum ပန်းလေးကဲ့သို့ပင်။
သို့သော် ဖန်းချောင်ကျိုးသည် ရွှယ်သမ်းရုန်၏ဝတ်ရုံလက်များကြားထဲသို့လေအေးများတိုက်ခတ်နေသည်ကိုမြင်သောအခါ သူ၏ရှောင်ရှစ်တိလေး အေးနေမည်လားဟု မတွေးဘဲမနေနိုင်ချေ။ထို့ကြောင့် ဖန်းချောင်ကျိုးသည် သူ၏သိုလှောင်လက်စွပ်ထဲမှ မြေခွေးသားမွေးဝတ်ရုံကိုထုတ်ကာ တစ်ဖက်လူအားပေးလိုက်၏။"ရှောင်ရှစ်တိ..ဒါကိုဝတ်ထားလိုက်ပါ"
မြေခွေးသားမွေးဝတ်ရုံနှစ်ထည်သည် ပုံစံတူဖြစ်ပြီး အရောင်သာ ကွဲပြားသည်။ဆိုင်ပိုင်ရှင်မှာ ၎င်းဝတ်ရုံသည် တစ်ခုဝယ် တစ်ခုလက်ဆောင်ဟုပြောသောကြောင့် ဝယ်လာခြင်းဖြစ်လေသည်။
သူဝတ်ထားသည့်အင်္ကျီက အဖြူရောင်ဖြစ်ပြီး ရွှယ်သမ်းရုန်အား သူပေးထားသည့်အင်္ကျီမှာ အနီရောင်ဖြစ်သည်။ ဖန်းချောင်ကျိုးမှာ အနီရောင်သည် ဟိတ်ဟန်များလွန်းသည်ဟုထင်သောကြောင့် မဝတ်ခဲ့ခြင်းပင်။
ရွှယ်သမ်းရုန်သည် ဖန်းချောင်ကျိုးဆီသို့ လျှောက်လာကာ ထိုအနီရောင်မြေခွေးသားမွေးဝတ်ရုံအား ကြည့်ပြီး ပြန်မဖြေဘဲ "ရှစ်ဖူရဲ့အမိန့်ကိုသိပြီးပါပြီ နောက်ထပ်ခြောက်လ ဒါမှမဟုတ် အဲ့ထက်ပိုပြီး အာ့ရှစ်ရှုန်းက ကျွန်တော်နဲ့လေ့ကျင့်ရမယ် ကျွန်တော်က ရှစ်ဖူရဲ့အမိန့်ကိုလက်ခံပြီးပြီဆိုတော့ အာ့ရှစ်ရှုန်းကို ကြီးကြပ်ပေးရမယ် ပြီးတော့ အာ့ရှစ်ရှုန်းက ရှစ်ဖူရဲ့ကြိုးစားအားထုတ်ပေးမှုကို စိတ်မပျက်စေရဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ်"
ဖန်းချောင်ကျိုးက ခဏရပ်ပြီး “ဒါဆို?”
ရွှယ်သမ်းရုန်သည် ဤမေးခွန်းကို မဖြေဘဲ လှည့်ကာ ဂူရှိရာသို့ လျှောက်သွားခဲ့သည်။ သူနေထိုင်ရာ ဂူတံခါးကိုဖွင့်ကာ ဝင်ပေါက်သို့ရောက်သောအခါ နေရာ၌ရပ်နေဆဲဖြစ်သော ဖန်းချောင်ကျိုးကိုကြည့်ရန် ခေါင်းလှည့်လိုက်သည်။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.