Chapter 38 (U)

2.1K 465 23
                                    

ဖန်းချောင်ကျိုးသည် ခေတ္တရပ်ပြီး သူ၏ရှေ့တွင်ရှိနေသော စွဲမက်ဖွယ်အမျိုးသမီးအားကြည့်လိုက်၏။ပြီး‌နောက် သူ၏ခန္ဓာကိုယ်ကိုဘေးသို့အနည်းငယ်ရွှေ့လိုက်ကာ "ဖယောင်းစက်ချစရာမလိုဘူး၊ ငါကအမြဲတမ်းကောင်းကောင်းအိပ်ပျော်တယ် ၊အိပ်မပျော်တဲ့ရောဂါမျိုးငါ့မှာမရှိဘူး"

ထိုစကားကိုကြားသောအခါ စုန့်လျန်ရီသည် မျက်မှောင်ကြုတ်လိုက်ပြီး "အိပ်မပျော်တဲ့ရောဂါ?"

"မင်းရဲ့ဖယောင်းတိုင်က အိပ်ရေးဝအောင် ကူညီပေးတာမဟုတ်လား" ဖန်းချောင်ကျိုးက အပြစ်ကင်းစွာ တုံ့ပြန်ခဲ့သည်။

နောက်ဆုံးအကြိမ်ဖယောင်းစက်ချခံခဲ့ရတုန်းကသူသည် ရက်အတော်ကြာအိပ်ချင်နေပြီး ဘယ်လောက်ပင်အိပ်အိပ် အိပ်ရေးမဝနိုင်အောင်ဖြစ်ခဲ့သည်။

"အဲ့ဒါက အိပ်ပျော်အောင်ကူညီပေးတဲ့ဆေးလို့ မင်းကိုဘယ်သူကပြောလဲ" စုန့်လျန်ရီသည် နောက်ဆုံးတော့နားလည်သွားပြီး အကြည့်များကလည်း ခက်ထန်လာ၏။ "ဖန်းချောင်ကျိုး မင်းကငါ့ကိုကစားရဲတယ်၊ ဒီနေ့ငါ့အစွမ်းအစကို ပြရသေးတာပေါ့"

ဖန်းချောင်ကျိုးသည် စုန့်လျန်ရီ၏မျက်လုံးများပြောင်းလဲသွားသည်ကိုမြင်သော် ထိုသူတိုက်ခိုက်တော့မည်အား သိလိုက်သဖြင့် အတားအဆီးကိုချိုးဖျက်ရန်ကြိုးစားလေ၏။သို့သော် ဖန်းချောင်ကျိုးသည် အတားအဆီးကို ချိုးဖျက်ရင်း အပြင်ဘက်တွင် ဟင်းရွက်ရောင်းသူတစ်ဦးသည် ပခုံးပေါ်တင်ထားသည့် ဝန်ကို ထမ်းလျက် ဆိုင်ရှေ့မှဖြတ်သွားသည်ကိုမြင်လိုက်ရ၏။

စုန့်လျန်ရီသည် အတားအဆီးချထားပြီးဖြစ်၏။သို့သော် ဤနေရာရှိသူများသည် သေမျိုးလူသားများဖြစ်ကြ၍ အတားအဆီး၏သက်ရောက်မှုအားမခံနိုင်ကြပေ။ ထို့ကြောင့် ဖန်းချောင်ကျိုးသည် အတားအဆီးကို ချိုးဖျက်ခြင်းမပြုဘဲ ဆိုင်တစ်ဝိုက်တွင် အတားအဆီးတစ်ခုကို ထပ်မံချလိုက်ကာ စုန့်လျန်ရီ၏ မန္တန်အစီအရင်အား လျင်မြန်စွာ ရှောင်တိမ်းခဲ့သည်။

ဖန်းချောင်ကျိုးရှောင်တိမ်းသည်ကိုမြင်သောအခါ စုန့်လျန်ရီကနောက်ထပ်မန္တန်စီရင်လိုက်သော်ငြား ဖန်းချောင်ကျိုးကထပ်၍ရှောင်လိုက်ပြန်သည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now