Chapter 7 (U)

2.9K 526 20
                                    

တံခါးက ပိတ်ထားလေသည်။

ဖန်းချောင်ကျိုးသည် တံခါးပိတ်ပြီး သူ့ဆီသို့ လှမ်းလာနေသော တုယွင်ရှီးကို စိုက်ကြည့်ကာ အံ့အားသင့်သွားသော်လည်း တုယွင်ရှီး၏နောက်စကားတစ်ခွန်းကို ကြားလိုက်ရသောအခါတွင် ပို၍ပင် အံ့အားသင့်သွားခဲ့သည်။

"အာ့ရှစ်ရှုန်း၊ ဘောင်းဘီကို ချွတ်လိုက်ပါ"

"အာ?" ဖန်းချောင်ကျိုးသည် မျက်လုံးလေးပေးကလတ်ဖြင့်ကြည့်ကာ သူ့အမူအရာက အံ့သြသွားပြီး "ငါက ဘာလို့ ဘောင်းဘီကို ချွတ်ရမှာလဲ"

တုယွင်ရှီးက လွှတ်ခနဲပြောမိလိုက်သောသူ့စကား၏တခြားအဓိပ္ပာယ်ကို ရုတ်တရက် သဘောပေါက်သွားပြီး "ကျွန်တော် မကြာသေးခင်က ဆေးအသစ်တစ်လုံးကို ပြုပြင်‌နေတာ ၊ ဒီဆေးက အာ့ရှစ်ရှုန်းရဲ့ ယင်ရောဂါကို ကုသရာမှာ ကူညီပေးနိုင်တယ်  ရောဂါ‌ဝေဒနာကြောင့် အကိုကြီးတစ်ယောက်ထဲ အထီးကျန်ပြီး စိတ်ဓာတ်ကျနေမယ်ဆိုတာသိပါတယ် ရှစ်ရှုန်းရဲ့ ရှစ်တိတစ်ယောက်အနေနဲ့ ကူညီသင့်တယ်လို့ကျွန်တော်ထင်တယ် ရောဂါပျောက်ကင်းဖို့ မှန်ကန်တဲ့ "ဆေး" ကို သုံးဖို့ကလည်း အရေးကြီးတယ်လေ..."

စကားပြီးသွားတဲ့အခါမှာတော့ သူ့မျက်လုံးတွေက ဖန်းချောင်ကျိုး၏ခါးပတ်ကို ငုံ့ကြည့်ရုံကလွဲပြီး မတတ်နိုင်ပေ။

သူ့စကားမဆုံးသေးသော်လည်း ဖန်းချောင်ကျိုးက သူဘာကိုဆိုလိုသည်ကို နားလည်သောကြောင့် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏လိမ်လည်မှုမှာ ဤမျှသောဒုက္ခကို ဖြစ်စေလိမ့်မည်ဟု မထင်ထားခဲ့ပေ။            သူ၏‌အောက်ပိုင်းက ယောက်ျားတစ်ယောက်၏ စိုက်ကြည့်ခြင်းကို ခံနေရသောကြောင့် အနှီယောက်ျားကြည့်နေ‌သည်နေရာကို ခေါက်ယပ်တောင်သုံး၍ ကွယ်လိုက်ပြီး တုံ့ဆိုင်းစွာ ပြုံးကာ "ဝူရှစ်တိ၊ မင်းရဲ့ ကြင်နာမှုကို ငါနားလည်ပါတယ်၊ ဒါပေမယ့် တကယ်ကို မလိုအပ်တာပါ၊ ငါက ဒီရောဂါနဲ့ နေသားကျနေပါပြီ"

"အာ့ရှစ်ရှုန်း၊ ကျွန်တော်က ရှစ်ရှုန်းကို ရယ်မှာကြောက်နေမှန်းသိပါတယ်  ဒါပေမယ့် ဒီမှာ တတိယလူမရှိတာကြောင့် ဒီနေ့ ဖြစ်ပျက်ခဲ့တာ‌တွေကို ဘုရားသခင်ပဲ သိနိုင်တယ် " ခဏအကြာ တုယွင်ရှီးကအံကြိတ်ပြီး "အာ့ရှစ်ရှုန်း၊ ရှစ်ရှုန်းကိုယ်တိုင်ချွတ်ပေးမှာလား ကျွန်တော်ချွတ်ပေးရမှာလား"

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now