Chapter 5(U)

3.7K 538 17
                                    


ရွှယ်သမ်းရုန်၏ အာ့ရှစ်ရှုန်းဖြစ်သော
ဖန်းချောင်ကျိုးသည် ထိုစကားများအား မကြားသလိုပင် ကောင်တာဆီသို့ လျှောက်လာ၏။

အဲ့လူငယ်လေးမေးတဲ့ ဝတ္ထုကရွှယ်သမ်းရုန်အကြောင်းလေ ငါပါတဲ့ဝတ္ထုမှမဟုတ်တာ ဂရုစိုက်နေစရာလိုဘူး

ဖန်းချောင်ကျိုးက ဂရုမစိုက်ပေမယ့်လည်း
ရွှယ်သမ်းရုန်ရဲ့ ဝတ္ထုစာအုပ်ကို တောင်းတဲ့သူက သူ့ကို သတိထားမိပြီး ကောင်တာပေါ်က
ဖန်းချောင်ကျိုးရဲ့ စာအုပ်ကို တစ်ချက်ကြည့်လိုက်ကာ "ခင်‌ဗျားကစာအုပ်တွေအများကြီးဝယ်တာပဲ ပြီးအောင်ဖတ်နိုင်ရဲ့လား" လို့ ပေါ့ပေါ့ပါးပါးမေးလိုက်၏။

"ငါအကုန်ဖတ်နိုင်တယ်" ဖန်းချောင်ကျိုးသည် ထိုလူကို မကြည့်ဘဲဖြေလိုက်ကာ သူ့ပိုက်ဆံအိတ်သေးသေးလေးမှ ပိုက်ဆံထုတ်ခြင်းဖြင့် အလုပ်ရှုပ်နေသည်။

ထိုလူကထပ်မေးလာပြန်သည် "စာအုပ်အများကြီးဝယ်ထားပြီး ရွှယ်သမ်းရုန်ရဲ့ ဝတ္ထုရောမပါဘူးလား"

"ငါ မဝယ်ခဲ့ဘူး" ဖန်းချောင်ကျိုးက ငွေစက္ကူတွေကို ကောင်တာပေါ်တင်ပြီး စာအုပ်ဆိုင်ပိုင်ရှင်ကို  ကြည့်လိုက်သည်။

ဖန်းချောင်ကျိုးသည် စာအုပ်ဆိုင်ပိုင်ရှင်အား ငွေမည်မျှကျသည်ကို ပြောပြရန် စောင့်ဆိုင်းနေစဉ် ထိုလူငယ်သည် ရုတ်တရက် လက်တစ်ဖက်ဖြင့် ကောင်တာကို ပြင်းပြင်းထန်ထန် ပုတ်လိုက်ရာ
ဖန်းချောင်ကျိုး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ နောက်အခိုက်အတန့်တွင် ကောင်တာပေါ်ရှိ စာအုပ်ကို အမြန်ကောက်ကိုင်လိုက်ကာ ​‌ခြေလှမ်းအနည်းငယ်​​လှမ်းပြီးရှောင်လိုက်သည်​။

သူရှောင်လိုက်ပြီးသည်နှင့် ‌ကောင်တာပြိုကျသွား‌လေသည်။

"မင်းငါ့မျက်လုံးတွေကို‌သေချာကြည့်ပြီး အခုဖြေ"

ထိုစကားများကိုကြားလိုက်သောအခါ
ဖန်းချောင်ကျိုးသည် အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ ကောင်တာဘေးမှာ ရပ်နေသော အနက်ရောင် ၀တ်စုံကောင်လေးကို ကြည့်လိုက်ရုံနှင့် ထိုသူသည်နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်းသိလိုက်ရသည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now