Chapter 9 (U)

2.8K 535 30
                                    

"တစ်ခုခုပြောင်းလဲနေတာများလား"

ဖန်းချောင်ကျိုးသည် သူ့လက်မောင်းကို ပိုက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ရွှယ်သမ်းရုန်၏ အကြည့်သည် ဖန်းချောင်ကျိုး၏ ညာဖက်လက်‌‌မှ သွားအရာပေါ်တွင် ရှိနေခဲ့ပြီး၊ ထိုကိုက်ရာသည် တိရစ္ဆာန်မဟုတ်ဘဲ လူကိုက်ထားသည်မှာ ထင်ရှားသည်။

ဖန်းချောင်ကျိုးသည် ဤနေရာတွင်ရပ်နေလေလေ အေးစက်လာလေလေဟု ခံစားရသောကြောင့် တည်းခိုခန်းထဲသို့ အမြန်ဝင်ကာ ရွှယ်သမ်းရုန်အား "ရှောင်ရှစ်တိ၊ ငါ့အတွက် တံခါးဖွင့်ပေးလို့ ကျေးဇူးတင်ပါတယ်၊ မင်းလည်းမြန်မြန်ပြန်ပြီး အနားယူသင့်တယ်"

"တာ့ရှစ်ရှုန်းက အာ့ရှစ်ရှုန်း ဘယ်သွားတာလဲလို့ မေး‌နေတယ်" ရွှယ်သမ်းရုန်က အေးစက်စွာပြောလာ၏။

တံခါးကိုသော့ခတ်နေစဉ် ဖန်းချောင်ကျိုးက "လျို့ကျင်းကူး" ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေပြီးနောက် "အိုး၊ ငါမေ့‌နေတာ အဲ့ဒါဘယ်နေရာလဲဆိုတာ မင်းမသိလောက်ဘူး"

ရွှယ်သမ်းရုန်သည် တစ်ပါးသူများ၏ ကိစ္စများကို စိတ်မဝင်စားသောကြောင့် ဖန်းချောင်ကျိုးသည် ရွှယ်သမ်းရုန်ကသူ့အားမေးလိမ့်မည်ဟု မမျှော်လင့်ထားပေ။

"လျို့ကျင်းကူး.. အဲ့ဒါကဘယ်လိုနေရာမျိုးလဲ"

ဖန်းချောင်ကျိုးက သော့ခတ်ပြီးနောက် "စားဖို့၊ သောက်ဖို့နဲ့ ပျော်ဖို့နေရာ" လို့ မဝံ့မရဲပြန်‌ဖြေလေသည်။

"အာ့ရှစ်ရှုန်း" ရွှယ်သမ်းရုန်သည် ရုတ်တရက်ထူးမခြားနားသောအသံဖြင့် "ရှစ်ဖူက ကျွန်တော်တို့ကို စား‌သောက်ပြီး ပျော်ပါးဖို့ တောင်ပေါ်က ဆင်းခိုင်းလိုက်တာမဟုတ်ဘူးလို့ပြောခဲ့တယ်၊ အာ့ရှစ်ရှုန်းသာ ဒီအတိုင်း ဆက်လုပ်နေရင် ကျွန်တော်ရှစ်ဖူကို ပြန်ပြောရလိမ့်မယ်"

ဖန်းချောင်ကျိုးသည်ရွှယ်သမ်းရုန်၏ အေးစက်လှပနေသော မျက်နှာကိုလှည့်ကြည့်လိုက်လေသည်။သူသည် ရွှယ်သမ်းရုန်၏စိတ်မကြည်လင်မှုကိုဘာကြောင့်ခံရမှန်းမသိသော်ငြား တစ်ဖက်လူသည် ဒေါသထွက်နေပုံရသောကြောင့် အလျင်အမြန်ပင်တောင်းပန်လိုက်၏။ "တောင်းပန်ပါတယ် ငါနောက်တစ်ခါမသွား‌တော့ပါဘူး"

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now