Chapter 33 (U)

2.4K 505 25
                                    

ဝိညာဉ်စွမ်းအားများသည် လက်ချောင်းထိပ်ဖျားမှ ရုတ်တရက်စီးဝင်လာသောကြောင့် ဖန်းချောင်ကျိုးမှာ မျက်မှောင်ကြုတ်မိ၏။ရွှယ်သမ်းရုန်နှင့်မတူဘဲ ကျုံးလီယွဲ့ရှီ၏ ဝိညာဉ်စွမ်းအားသည် ပြင်းထန်ကာ ဖိနှိပ်နိုင်စွမ်းရှိ၏။ခေတ္တကြာသောအခါ ဖန်းချောင်ကျိုး၏နဖူးမှ ချွေးအေးများစီးကျလာ၏။

သူ၏ကိုယ်ပိုင်မဟုတ်သော ဝိညာဉ်စွမ်းအားသည် ခန္ဓာကိုယ်ထဲတွင်ပျံ့နှံ့နေပြီး ထိုရုတ်တရက်ဆန်သောစွမ်းအားကြောင့် ဖန်းချောင်ကျိုး၏ဝိညာဉ်စွမ်းအားများ အထိတ်တလန့်ဖြစ်ကုန်၏။ဖန်းးချောင်ကျိုးသည် တစ်ဖက်လူအား သူ၏ခန္ဓာကိုယ်အားသိမ်းပိုက်နိုင်ရန် သူ၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားများကို အသိစိတ်ပင်လယ်ထဲသို့ရုတ်သိမ်းလိုက်၏။

ဖန်းချောင်ကျိုး၏ ဆုပ်ကိုင်ခံထားရသည့် လက်ကောက်ဝတ်နေရာသည် လောင်ကျွမ်းနေသလိုခံစားရပြီး နာကျင်မှုမှာလည်း အတိုင်းအဆမဲ့ပင်။သူသည် အမြဲလိုလို နာကျင်ရမည်ကို ကြောက်၏။ ယခုအချိန်တွင် တစ်ဖက်လူက သူ၏ရှစ်ကျူဖြစ်နေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ရုန်းကန်မိသောအခါ ကျုံးလီယွဲ့ရှီက သူ၏နာမည်ကိုခေါ်လာ၏။

"ဖန်းချောင်ကျိုး"

သူ့နားထဲသို့ စကားလုံးသုံးလုံး ဝင်လာသည်။

ဖန်းချောင်ကျိုး၏နှုတ်ခမ်းများ တုန်ယင်နေကာ ချွေးအေးများစိုရွှဲနေ၏။ဖန်းချောင်ကျိုးသည် သူ့ရှေ့တွင်ရှိနေသောသူအားကြည့်လိုက်၏။သူ့မှာ နာကျင်နေပါသော်ငြား ရုန်းကန်ရန်ခွန်အားလည်းမရှိပေ။မဟာယနအဆင့်ရှိကျင့်ကြံသူ၏ရှေ့တွင် မိမိမှာ ပုရွက်ဆိတ်ကလေးတစ်ကောင်ကဲ့သို့ပင် အားနည်း၍ အသံကြားရုံနှင့်ပင် မူးဝေခြင်းသာဖြစ်နေလေသည်။

ကျားဖြူသည် သူ့ခန္ဓာကိုယ်‌ပေါ်ရှိ လှုပ်ရှားမှုကြောင့် နိုးထလာခဲ့သည်။ သူမော့ကြည့်လိုက်သောအခါ ကျုံးလီယွဲ့ရှီကိုတွေ့လိုက်ရသဖြင့် မျက်နှာချိုသွေးကာ ခေါ်လာ၏။ "သခင်ကျုံးလီ" ပြီးနောက် ကျားဖြူသည် ဖြူဖတ်ဖြူရော်ဖြစ်နေသော ဖန်းချောင်ကျိုးအားကြည့်လိုက်၏။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now