Chapter 36 (U)

2.5K 493 23
                                    

ဖန်းချောင်ကျိုးသတိပြန်လည်လာသောအခါ အခန်းထဲ၌ သူတစ်ယောက်ထဲသာရှိနေ၏။

ဖန်းချောင်ကျိုးသည် ကန့်လန့်ကာအားခေတ္တစိုက်ကြည့်ပြီးနောက် သူ၏တင်ပါးများကိုထိရန်လက်လှမ်းလိုက်သည်။

မနာတော့ဘူး...

ဖန်းချောင်ကျိုးသည် ကိုယ့်မျက်နှာကိုယ်လက်ဖြင့်အုပ်လိုက်၏။တင်ပါးအားရိုက်ခံရခြင်းမှာ ရှက်စရာကောင်းသည်ဟုထင်သော်လည်း ထိုထက်ပို၍ရှက်စရာကောင်းသည့်အခြေအနေမျိုးဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ပေ။

ကျုံးလီယွဲ့ရှီသည် အမှန်တကယ်ပင် စက်ဆုပ်ဖွယ်ကောင်းသည်။သူသာရှောင်ရှစ်တိအားအမှန်တကယ်ကြိုက်သည်ဆိုပါက ယခုကဲ့သို့သောဖြစ်ရပ်များဖြစ်ပြီးနောက် ရှောင်ရှစ်တိအားအဘယ်သို့သောမျက်နှာဖြင့်လိုက်ရတော့မည်နည်း။

နှစ်ပေါင်းမည်မျှကြာအောင်နေထိုင်ခဲ့သည်မှန်းမသိသောလူအိုကြီးအနေဖြင့် သူ၏အချစ်ပြိုင်ဘက်များအားတိုက်ခိုက်သည့်နည်းလမ်းများသည် အလွန်အဆင့်မြင့်ပေ၏။

ဖန်းချောင်ကျိုးသည် ဆတ်ခနဲထထိုင်လိုက်၏။

မဖြစ်ဘူး၊သူဒီ‌မှာဆက်မနေနိုင်တော့ဘူး စောစောစီးစီးထွက်သွားတာပိုကောင်းမယ် မဟုတ်ရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါထိခိုက်လာလိမ့်မယ်။

ဒါပေမယ့် ထွက်သွားမယ့်ကိစ္စကိုဒီနေ့မပြောသေးဘူး လောလောဆယ်ကျုံးလီယွဲ့ရှီရဲ့မျက်နှာကြီးကိုမမြင်ချင်ဘူး

ရှက်စရာကောင်းတယ်၊ ရှက်စရာကောင်းတယ်

နောက်တစ်နေ့တွင် ဖန်းချောင်ကျိုးသည် မနက်စောစောနိုးလာပြီး မနေ့ညက သူတွေးထားသော စကားများကို ထပ်ခါတလဲလဲ လေ့ကျင့်ရင်း ကျုံးလီယွဲ့ရှီ၏ ခြံဝင်းဆီသို့ လျှောက်သွားခဲ့သည်။

သို့သော် ကျုံးလီယွဲ့ရှီ၏ခြံဝင်းအပြင်ဘက်သို့ရောက်သောအခါ အခန်းထဲတွင်ရှိနေသင့်သော ကျုံးလီယွဲ့ရှီသည် ခြံဝင်းထဲတွင်ရပ်နေသည်ကို မထင်မှတ်ပဲတွေ့လိုက်ရသည်။

ကျုံးလီယွဲ့ရှီသည် ဖန်းချောင်ကျိုးကိုမြင်သောအခါ၊ "မင်းရောက်လာတာအတော်ပဲ၊ ငါ ဟွားလီတောင်ကနေ အပြင်ကိုခဏသွားရမယ်"

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now