လူငါးဦးအနက် ပထမဆုံးစိတ်မတည်မငြိမ်ဖြစ်လာသူမှာလီကျူးပင်၊သူသည် ရွှယ်သမ်းရုန်ကို အကြိမ်ပေါင်းများစွာ စိုက်ကြည့်ပြီးနောက် လီယီးရဲ့နောက်တွင်ရှိနေသော ဖန်းချောင်ကျိုးအားကြည့်ရန်ကြိုးစားသော်လည်း မမြင်ရပေ။ ထို့ကြောင့် သူ၏သိချင်စိတ်အား ခဏမျှထိန်းထားပြီးနောက် လီယီးရဲ့အား “အဖေ၊ အဲဒီလူက ဘယ်သူလဲ”
ဤနေရာတွင် ရွှယ်သမ်းရုန်အစစ်ပေါ်လာသောကြောင့် သူသည် လီယီးရဲ့နောက်ရှိရွှယ်သမ်းရုန်'ဖန်းချောင်းချောင်ကျိုး' က ထူးဆန်းနေသည်ဟု ခံစားရသည်။
လီယီးရဲ့ကစကားပြောရန်ပြင်လိုက်ချိန်တွင် သူ၏နောက်ရှိအဝတ်အစားတွေကို ဆုပ်ကိုင်ခံလိုက်ရသည်။
သူ့နောက်ကလူငယ်လေး...
လီယီးရဲ့အတွက်တော့ ဖန်းချောင်ကျိုး၏အသက်သည် လူငယ်လေးတစ်ယောက်၏ အရွယ်ပင်။
ဖန်းချောင်ကျိုးသည် လီယီးရဲ့၏နောက်တွင် အဝတ်အစားများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ တစ်ဖက်လူကသူ့အကြောင်းပြောလိုက်မှာကြောက်သဖြင့် လီယီးရဲ့၏ကျောပေါ်တွင် လက်ဖြင့်ရေးလိုက်၏၊သူရေးလိုက်သည်က --
"နည်းနည်းလောက်ကရုဏာထားပြီး ပြောပေးပါ "
သူသည်လီယီးရဲ့အတွက် အကူအညီပေးခဲ့သူဖြစ်၏၊ ထို့ကြောင့် လီယီးရဲ့သည် သူမည်သူမည်ဝါဖြစ်ကြောင်းကိုတော့ မပြောသင့်ပေ။
လီယီးရဲ့သည် အလွန်အထိမခံနိုင်သောလူဖြစ်ကြောင်း သူမသိခဲ့ပေ။ ဖန်းချောင်ကျိုး၏ ပထမဆုံးစုတ်ချက်မှာပင် သူသည် မျက်မှောင်ကြုတ်ကာမျက်နှာအမူအရာမှာလည်း ထူးဆန်းလာသည်။ ဖန်ချောင်ကျိုးနောက်ဆုံးစုတ်ချက်တစ်ချက်ဆွဲပြီးချိန်မှာတော့ သူသည်းမခံနိုင်တော့ပေ၊ နောက်လှည့်ကာ ဖန်းချောင်ကျိုး၏လက်ကိုဆွဲကိုင်လိုက်ပြီး "လုံလောက်ပြီ၊ လောလောဆယ် အလျင်လိုမနေနဲ့"
ယခုအချိန်တွင် လီယီးရဲ့သည် ဖန်းချောင်ကျိုးမှာ သာမန်ကျင့်ကြံသူများနှင့်မတူဟုထင်မိသည်။ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် လူတိုင်းရှေ့မှာ အရှက်ခွဲခံရပါက ရှက်ရွံ့ပြီး သည်းခံနိုင်ရန် ခက်ခဲပေလိမ့်မည်။ သူ့အား အရိုးထဲထိတိုင်အောင် မုန်းတီးကြလိမ့်မည်။သို့သော် ဒီလူငယ်လေးဟာ နည်းနည်းလေးမှ ရှက်ရွံ့ခြင်းမရှိတဲ့အပြင် သူ့အားမုန်းလည်းမမုန်းပေ၊ သူ့နောက်မှာ ပုန်းနေတဲ့အပြင်၊ ဒီလူတွေအများကြီးရှေ့မှာတောင် သူ့ကို သွေးဆောင်ခဲ့လေသည်။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.